ယာရူစိင်၊ ဧပြီ ၃ ရက်၊ မိုင်းကိုင်

ရှမ်းတောင် မိုင်းကိုင်မြို့နယ်ရှိ တောင်ပေါ်ကျေးရွာတွေမှာ ရှမ်းပြည်တိုးတက်‌ရေးပါတီ- SSPP က တပ်သားသစ် စုဆောင်းနေပြီး စစ်မှုထမ်း မသွားသူရဲ့ နေအိမ်တွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းကိုင်မြို့နယ်ရှိ လုံစံ၊ နောင်တော၊ ကုန်းပေါင်း၊ လွဲရွဲ၊ မောက်လျံ၊ နောင်စံဖူးနဲ့ တုံလောရွာတွေမှာ SSPP က စစ်မှုထမ်းကောက်‌ယူနေတာဖြစ်ပြီး အဲဒီရွာတွေဟာ တအာင်းတိုင်းရင်းသားတွေ နေထိုင်ကြတဲ့ကျေးရွာ ဖြစ်ပါတယ်။

စစ်မှုထမ်း စုဆောင်းခံရတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက “အခု ရွာဘက်တွေမှာ SSPP တွေက တစ်အိမ်ကိုတစ်ယောက် စစ်မှုထမ်းဖို့အတွက် လူခေါ်နေတယ်။ သူတို့အတွက် စစ်မှု မထမ်းနိုင်ရင် အိမ်ကနေ နှင်ထုတ်မယ်တဲ့။ အိမ်ကိုလည်း ဖြိုပစ်မယ်ဆိုပြီး ‌ဒေသခံတွေကို ခြိမ်းခြောက်ထားတယ်။ ဒီလိုတွေ လုပ်နေတာဟာ လူထုတွေအတွက် ဘယ်လိုမှ အဆင်မပြေဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်ကနေ ဒီနေ့ ဧပြီ ၃ ရက်အထိ စစ်မှုထမ်း မသွားတဲ့ နေအိမ်တွေကို ဖြိုချဖျက်ဆီးပြီး ရွာတွင်းကနေ နှင်ထုတ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ နောက်ထပ် စစ်မှုထမ်း စုဆောင်းခံရတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ရွာလူကြီးအိမ်မှာ သွားစုဝေးရတယ်။ စုပြီးမှ စာရင်း စကောက်တာပေါ့။ သွားရမယ့်စာရင်း ပါတဲ့သူတွေထဲမှာ နိုင်ငံခြားရောက်တာဖြစ်ဖြစ် သာသနာ့ဘောင်မှာ နေတဲ့သူဖြစ်ဖြစ် သူတို့က ပြန်လာခိုင်းတယ်။ လာပြခိုင်းတယ်။ တစ်ကယ်လို့ သူတို့ချိန်းထားတဲ့ရက်ကိုမှ လာမပြနိုင်ခဲ့ရင် ရွာကနေ နှင်ထုတ်မယ်ပေါ့နော်။ အဲလိုပြောထားတယ်”

ပြီးခဲ့တဲ့ နှစ်တွေမှာတော့ တစ်ရွာကို ၃ ယောက်နှုန်းနဲ့ SSPP က တပ်သား စုဆောင်းခဲ့ပေမဲ့ ဒီ ၂၀၂၅ ခုနှစ်မှာတော့ တစ်အိမ်ကို တစ်ယောက် မဖြစ်မနေ သွားရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မိုင်းကိုင်မြို့နယ်ဟာ SSPP အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS လည်း ဝင်ရောက် လှုပ်ရှားလေ့ရှိပြီး နှစ်ဖက်တပ် အပြန်အလှန် ပစ်ခတ်မှုလည်း မကြာခဏ ဖြစ်ပွားနေတဲ့မြို့နယ် ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။