လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၁၃ ရက်၊ မိုင်းကိုင်

ရှမ်းတောင် မိုင်းကိုင်မြို့နယ်မှာ တပ်သားသစ် တစ်ရွာတစ်ဦးနှုန်း ကောက်ခံနေတဲ့ ရှမ်းပြည်တပ်မတော်- SSPP/SSA က တစ်အိမ်တစ်ယောက်နှုန်း ပြောင်းလဲ ကောက်ခံနေတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာ တအာင်းရွာတွေမှာ တစ်ရွာကို တစ်ဦးသာ သွားရပေမဲ့ ဒီလကစပြီး တစ်အိမ်ကို တစ်ဦးနှုန်း စစ်မှု ထမ်းရမယ်လို့ ဆိုပါတယ်။

“အခုရွာမှာ ဆူဆူပူပူ ဖြစ်တာတော့ ရှမ်းရွာလို တအာင်းရွာလည်း တစ်အိမ်တစ်ယောက် မဖြစ်မနေ စစ်မှုထမ်း သွားရမယ်တဲ့။ အဖိုးအဖွားမကျန် အကုန်ကောက်တယ်။ ခါတိုင်းနှစ်လို လူငှားပြီး ထည့်နေကျ ဒီနှစ်တော့ အဲလိုမရတော့ဘူး”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်က ပန်ကေတု၊ ဟမ်းငိုင်း၊ ဟိုခဲ စတဲ့ကျေးရွာအုပ်စုတွေကို အစည်းအဝေး ခေါ်ယူပြီး ပြောဆိုခဲ့တာလို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

“ကွန်ခမ်းရွာမှာ အစည်းအဝေး ခေါ်တဲ့နေ့ မပြီးပြတ်သေးပဲ အဲဗုံးပေါက်ကွဲမှုကြောင့် ရပ်နားလိုက်ရတယ် ပြန်ခိုင်းလိုက်ရတယ်။ ပြီးတော့ အစည်းအဝေးက ထပ်ခေါ်မယ်လို့လည်း ပြောပါတယ်။ ကျနော်တို့ရွာလည်း အစည်းအဝေးကတည်းက စာရင်းကောက်ထားပြီးသားပါ။ တချို့ ကျန်းမာရေး ချို့တဲ့သူတွေက ပိုကြောက်ကြတာပေါ့” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။

ဒ့ါအပြင် ပန်ကေတု၊ ကုန်လိုင်း၊ မောက်လျန်အုပ်စုထဲက ရွာခံတွေကို မိုင်းရှင်းလင်းရေးလုပ်ဖို့ တစ်ရွာကို တစ်ရက် ၅ ဦးနဲ့ အလှည့်ကျ မိုင်း ရှာခိုင်းနေတယ်လို့ သိရပါတယ်။

“ရွာအလှည့်ကျ မိုင်း ရှင်းခိုင်းတာ။ ရှာခိုင်းတာမျိုးလည်း လုပ်ခိုင်းတာ ရှိတယ်။ လမ်းမဘေးမှာတို့ တောထဲ ခြံထဲတွေ ရှာရတယ်။ အဲမိုင်း ရှာခိုင်းတာလည်း ရပ်ရွာတွေက အန္တရာယ် အရမ်းများတယ်။ ဘုမသိ ဘမသိနဲ့ မိုင်းအကြောင်းလည်း တစ်စက်မှ မသိဘူး။ အခု သူတို့ အမျိုးမျိုး ဖိနှိပ်တာဗျာ”

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက် သိရဖို့ SSPP တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်ကို ရွှေဖီမြေက စာပို့ကာ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည် ဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်က မောက်လျန်ရွာအနီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပြီးနောက် ခြံထဲမှာ ရှိနေတဲ့ ခတ္တယျဆိုသူက ကြောက်လန့်ပြီး ထွက်ပြေးတာကြောင့် SSPP တပ်က လိုက်လံ ပစ်ခတ်ရာ ထိမှန်သေဆုံးသွားတဲ့ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။