ဓာတ်ပုံ – SAC

မိုင်းရူပ၊ ဖေဖော်ဝါရီ ၃ ရက်၊ မန္တလေး

မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၇ ခုမှာ ၁ လအတွင်းမှာတင် လူငယ် ၂၃၇ ဦး အတင်းအဓမ္မ တပ်သားသစ်အဖြစ် စုဆောင်းခံရပြီး စစ်ကောင်စီတပ်က အမျိုးသမီးတွေကိုပါ ပေါ်တာဆွဲနေတယ်လို့ မန္တလေး သပိတ်အင်အားစုက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်အထိ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရနဲ့ ပုသိမ်ကြီးမြို့နယ်က အတင်းအဓမ္မ တပ်သားသစ်အဖြစ် စုဆောင်းခံရတဲ့ လူငယ်တွေရဲ့ စာရင်းကို ပြုစုထားတာလို့ ဆိုပါတယ်။

စစ်တပ်ဟာ စစ်မှုထမ်းဖို့အတွက် အမျိုးသားအပြင် အမျိုးသမီးတွေကိုပါ ဖမ်းဆီးနေတယ်လို့ မန္တလေး သပိတ်အင်အားစုရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“စစ်ကောင်စီတပ်ဟာ ဆက်တိုက်ဆိုသလို ပေါ်တာဆွဲတာတွေ ပြုလုပ်နေပါတယ်။ အခုအခြေအနေက ပိုဆိုးလာတယ်။ အမျိုးသမီးတွေကို ဖမ်းလာတယ်”

စစ်မှုထမ်းရမယ့် အမျိုးသမီးရဲ့ အသက်ကိုတော့ စစ်တပ်က ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်ဘက်ကတော့ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ ခေါ်ဆောင်တာ မရှိသေးကြောင်း ၎င်းတို့ ထိန်းချုပ်ထာတဲ့ မီဒီယာတွေမှာ ငြင်းဆိုထားပါတယ်။

နိုင်ငံတဝန်းမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ တပ်သားသစ် လိုအပ်ချက်ကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုမထမ်းမနေရဥပဒေ ထုတ်ပြန်ပြီး ၎င်းတို့ထိန်းချုပ်ထားတဲ့ နေရာတွေမှာ တပ်သားသစ် အတင်းအဓမ္မ စုဆောင်းတာနဲ့ ပေါ်တာ ဆွဲတာတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်တပ်က စစ်မှုထမ်းသင်တန်း အပတ်စဥ် ၉ အထိ ဖွင့်လှစ်ထားပြီး အပတ်စဥ် ၇ အထိတော့ သင်တန်း ဆင်းထားပြီ ဖြစ်ပါတယ်။

အပတ်စဉ်တစ်ခုမှာ သင်တန်းသားဦးရေ ၅ ထောင်အထိ သတ်မှတ်ကာ စစ်သင်တန်းတွေ‌ ပေးနေတာလည်း ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။