ဓာတ်ပုံ- CJ (ငလျင်ဘေး သင့်နေတဲ့ စစ်ကိုင်းက ဒေသခံတွေအတွက် အစားအသောက် ဝေငှပေးနေပုံ)

လွေးထွေး၊ မတ်လ ၃၁ ရက်၊ မန္တလေး

ငလျင်ဒဏ်ကို အပြင်းအထန် ခံစားနေရတဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက နေရာတချို့မှာ အရေးပေါ် လိုအပ်နေတဲ့ သောက်ရေသန့်ကို လိုအပ်သလောက်ဝယ်ယူလို့ မရတော့တဲ့အပြင် လီတာဝက် တစ်ဘူးကို ၂ ထောင်နဲ့ ပေးဝယ်နေရကြောင်း ပြည်ကြီးတံခွန်မြို့နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ငလျင် လှုပ်ခတ်ခဲ့တာကြောင့် လူထုအများစုရဲ့ နေအိမ်နဲ့ အခြေခံ အသုံးအဆောင်ပစ္စည်းတွေ ပြိုကျပျက်စီးခဲ့တာကြောင့် ဒေသခံတွေက လမ်းမပေါ်မှာသာ ဖြစ်သလို နေထိုင်စားသောက်နေကြရပါတယ်။

“ကျမ သိသလောက် ကျမတို့မြို့မှာ အခု ကုန်စုံဆိုင်အကြီး ၂ ဆိုင်ဘဲ ဖွင့်တာလေ။ သူတို့ကတော့ လာဝယ်တဲ့သူ အကုန်ရအောင် ရောင်းပေးပါတယ်။ ဒီနေ့ ရေသန့် ၅ ဘူးပဲ ရခဲ့တယ်။ မနက်ဖြန်ဆို မရတော့ဘူး။ ငတ်ရင်ငတ်မယ်။ မဟုတ်လည်း ရေကြမ်းကို ကျိုသောက်ရမှာဘဲ” လို့ ပြည်ကြီးတံခွန်မြို့နေ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရေသန့်အပြင် အခြေခံ စားသောက်ကုန်ဖြစ်တဲ့ အနိမ့်ဆုံး ဆန်ကြမ်း တစ်ပြည် ၅ ထောင်၊ ဆီ တစ်ပိဿာကို ၁ သောင်း ၅ ထောင်၊ ခေါက်ဆွဲခြောက် တစ်ထုပ် ၂ ထောင်နဲ့ ကြက်ဥတစ်လုံး ၁,၅၀၀ ကျပ်အထိ ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။

အလားတူ စစ်ကိုင်းတိုင်းမှာလည်း အခြေခံစားသောက်ကုန်အပြင် ပြိုကျပျက်စီးနေတဲ့ အဆောက်အဦး ရှင်းလင်းခတွေလည်း ပေးနေရပြီး အလောင်းသယ်တဲ့ အိတ်တစ်ခုကို အနိမ့်ဆုံး ၁ သောင်းအထိ ပေးဝယ်နေရပါတယ်။

စစ်ကိုင်းကို ရောက်နေတဲ့ သီလရှင်တစ်ပါးက “ကုန်ဈေးနှုန်း အကုန်လုံးတော့ မသိဘူး။ အခုလောလောဆယ် လိုနေတဲ့ ရေတို့ စားစရာတို့ကတော့ ဈေးအရမ်းတက်တယ်” လို့ ရွှေဖီမြေသို့ မိန့်ပါတယ်။

ဒါ့အပြင် တံတားဦးမြို့မှာလည်း ပြိုကျပျက်စီးနေတဲ့ အဆောက်အဦး ရှင်းလင်းခကို သက်ဆိုင်ရာက ကျပ်သိန်း ၄၀၀ အထိ တောင်းခံတာကြောင့် အခက်အခဲ ဖြစ်နေကြတယ်လို့ နောက်ထပ် အမျိုးသားတစ်ဦးက ပြောပါတယ်။

မန္တလေးနဲ့ စစ်ကိုင်းက နေရာတချို့မှာ ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ ရောက်နေပေမဲ့ ကျန်တဲ့ နေရာတချို့မှာတော့ ဘယ်ကယ်ဆယ်ရေးအဖွဲ့မှ မရောက်သေးသလို ဘာအကူအညီမှလည်း မရကြသေးကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နေရာတချို့မှာ စစ်ကောင်စီတပ်က ကယ်ဆယ်ရေး ပေးမလုပ်တဲ့အပြင် စစ်ဆေးမေးမြန်းတာတွေလည်း ရှိနေတာကြောင့် ဒီနေ့အထိ ကယ်ဆယ်ရေးလုပ်ငန်းတွေ မလုပ်နိုင်ကြ‌သေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။