ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၃ ရက်

မကွေးနဲ့စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲမှုအပြင် စက်တပ် လေထီးနဲ့ပါ ဗုံးကြဲမှု ပိုမိုပြုလုပ်လာနိုင်လို့ သတိထားကြဖို့ မြေပြင်ရှိ တော်လှန်ရေးအဖွဲ့အစည်းတွေက ပြောဆိုနေကြပါတယ်။

စက်တပ်လေထီး (Paramotor)ဟာ တစ်နာရီကို ပျှမ်းမျှ ၆၃ မိုင်အထိ ပျံသန်းနိုင်သလို မိုင်ပေါင်း ၃၀ ကနေ ၉၀ အထိ ပျံသန်းသွားလာနိုင်တဲ့အတွက် ပျံသန်းနိုင်ချိန် ၃ နာရီကနေ ၄ နာရီအထိ ရှိတယ်လို့ ဆိုပါတယ်။

“အခုက လောင်စာဆီ အခက်အခဲကြောင့် စက်တပ် လေထီးကို ပိုအသုံးပြုတဲ့သဘောလား မသိဘူး။ ဒီကောင်ရဲ့ ထိရောက်မှုက အထိုက်အလျောက် ရှိတယ်။ အဓိကတော့ စစ်ရေး ပစ်မှတ်တွေကို ဗုံးကြဲတာ။ သာမန်လူတွေရဲ့ နေအိမ်တွေကို ထိတာလည်း ရှိတယ်” လို့ စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးသမားတစ်ဦးက ပြောပါတယ်။

စက်တပ် လေထီးတွေဟာ လေယာဉ်ပေါ်ကနေ ချပေးတာမျိုးတင် မဟုတ်ဘဲ မြေပြင်ကနေလည်း ပျံတက်သွားနိုင်တဲ့ အမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။

မနေ့ ဇန်နဝါရီ ၂ ရက်မှာလည်း မုံရွာမြို့ရှိ အနောက်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ထဲ ထောက်ပို့လေယာဉ်နဲ့ ဗုံးကြဲမယ့် စက်တပ်လေထီးတွေကို ချသွားခဲ့ပြီး အရေအတွက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“အဲကောင်ကိုပစ်ရင် ငါးကျင်းမီးကတော့ မမှီနိုင်ဘူး။ ပွိုင့် ၅ သေနတ်လောက်မှ မှီနိုင်မယ်” လို့ သူက ဆက်ပြောပါတယ်။

အဲဒီစက်တပ် လေထီးကနေ စစ်တပ်က ဗုံး ကြဲချရာမှာ မီးလောင်ဗုံးလည်း ပါဝင်ပြီး လူထုတွေအနေနဲ့ သတိထားကြဖို့ တော်လှန်ရေးအဖွဲ့တွေက ပြောဆိုထားပါတယ်။

မကွေးနဲ့ စစ်ကိုင်းတိုင်းရှိ တော်လှန်ရေး အဖွဲ့အစည်းတွေဟာ ကျေးရွာအများစုကို ထိန်းချုပ်ထားနိုင်ပေမဲ့ လက်နက် အခက်အခဲကြောင့် ခံစစ်အနေအထားမှာပဲ စစ်တပ်ကို တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။