ဓာတ်ပုံ – CJ

ပျားကြီး၊ ဇန်နဝါရီ ၂၃ ရက်၊ မတ္တရာ

မတ္တရာမြို့နယ်မြောက်ဖက်ခြမ်း ထန်းပင်ကုန်းနဲ့ ကင်းရွာကို စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းနဲ့ ဇန်နဝါရီ ၂၂ ရက် မနက်အစောပိုင်းကစပြီး လက်နက်ကြီး ပစ်ခတ်မှုကို နေရာအနှံ့ကနေလုပ်ဆောင်နေတာဖြစ်ပြီး ကျေးရွာထဲအထိ ကျရောက်ပေါက်ကွဲမှု ရှိနေတာ ဖြစ်ပါတယ်။

“လူထိခိုက်တာတော့ မကြားရသေးဘူး။ ရွာတွေမှာက လူသိပ်မရှိတော့ဘူးလေ။ အိမ်တွေပေါ်တည့်တည့် ကျတာ။ လူရှိနေရင်တော့ မလွယ်ဘူး။ တစ်နေကုန် ပစ်နေတာ” လို့ ထန်းပင်ကုန်းရွာခံတစ်ဦးက ပြောပါတယ်။

စစ်တပ်က ၈၀ မမနဲ့ ၁၂၀ မမ ပါဝင်တဲ့ လက်နက်ကြီး ပစ်ခတ်မှုကို မတ္တရာနဲ့ မန္တလေးတိုင်း ပုသိမ်ကြီး စတဲ့မြို့နယ်တွေမှာရှိတဲ့ အထိုင်ချ တပ်စွဲထားတဲ့ နေရာပေါင်း ၁၀ နေရာထက်မနည်းကနေ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းမှာလည်း လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၁၅ ကြိမ်ထက်မနည်း ရှိခဲ့ပြီး မနေ့ ဇန်နဝါရီ ၂၂ ရက် မနက်အစောပိုင်းကနေ ညနေပိုင်းအထိ အကြိမ်ပေါင်း ၃၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတစ်ဦးက အတည်ပြု ပြောဆိုပါတယ်။

ဒါ့အပြင် မနေ့မှာပဲ မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး မြွေသစ်တောရုံးနဲ့ မြွေဥဒိန်ရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့မနက်ပိုင်းကစပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)နဲ့ စစ်တပ်တို့အကြား ထန်းပင်ကုန်းရွာအနီးဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖက်က စစ်အင်အား ဖြည့်တင်းမှု အလုံးအရင်းနဲ့ ပြုလုပ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)က မနေ့ညနေပိုင်းမှာ ထုတ်ပြန်တာကို တွေ့ရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။