လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၂၂ ရက်၊ ကန့်ဘလူ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ပေါ်က ရပ်ကွက်နဲ့ ကျေးရွာပိုင်းမှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို အတင်းအဓမ္မ ဖမ်းဆီးနေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူအဖွဲ့က မနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မနေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ အမှတ်(၂) ရပ်ကွက်က ဘိလိယက်ခုံတစ်ခုမှာ ဘိလိယက် ထိုးနေတဲ့ လူငယ် ၇ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ဝင်တစ်ဦးက “အခုရက်က မြို့ပေါ်ကို ဆက်တိုက် ဆွဲနေတာ။ နေ့တိုင်းလိုလို ပေါ်တာ ဆွဲနေတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့လို့ သိရပါတယ်” လို့ ပြောပါတယ်။

ကန့်ဘလူမြို့နယ်အတွင်း စစ်မှုထမ်းဖို့အတွက် နေ့ရောညပါ လူငယ်တွေကို ဖမ်းဆီးတာကြောင့် ဖမ်းခံရသူ အများစု ရှိနေပေမဲ့ စာရင်း အတိအကျတော့ မသိရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်က ကန့်ဘလူမြို့နယ် ကန်စွန်းအင်းနဲ့ ကန်သာလှရွာက လူငယ် ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်မှာ ကန့်ဘလူ အမှတ်(၆၀၀၆) အမြှောက်တပ်ရင်းက‌နေတဆင့် Mi17 လေယာဉ်နဲ့ နှစ်ကြိမ်သယ်ဆောင်သွားတယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဝါသဝက လူ ၈၀ တောင်းတယ်လို့ ပြောတယ်။ ဖမ်းနေတာက အခုမှ မဟုတ်ဘူး။ အရင်ရက်တွေလည်း ည ဝင်ဆွဲခံရတဲ့ လူငယ်တွေ ရှိတယ်။ အခုက နေ့ခင်းကြီးလည်း ပေါ်တင် ဝင်ဆွဲတာဘဲ။ မြို့ပေါ်လည်း လူငယ်တွေ မကျန်တော့ဘူး။ မဲ မနှိုက်ဘဲ ဆွဲခံရတဲ့သူတွေက အများကြီး။ တချို့လည်း ပိုက်ဆံပေးရင် ရတယ်ပြောတာပဲ။ မပေးနိုင်တဲ့ အခြေခံလူတန်းစားတွေပဲ ဒိုင်ခံလိုက်နေရတယ်” ဆိုပြီးလည်း မြို့ခံတစ်ဦးရဲ့ ပြောဆိုချက်ကို ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ပညာရေးကဏ္ဍက ကျောင်းသူ ကျောင်းသားနဲ့ ဆရာ ဆရာမ စုစုပေါင်း ၂၅၂ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP က မနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ထားပြီး သေဆုံးသူတွေထဲ ၁၈ နှစ်အောက် ကလေး ၈၈ ဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၄ နှစ်နီးပါးကာလအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူနဲ့ အရပ်သား (၂၈,၃၀၄)ဦးဟာ စစ်တပ်ရဲ့ ဖမ်ဆီးတာကို ခံရတယ်လို့ AAPP ရဲ့ မနေ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ လက်ချက်ကြောင့် စစ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူနဲ့ အရပ်သား (၆,၁၉၉)ဦး သေဆုံးခဲ့တယ်လို့ AAPP ရဲ့ စာရင်းအရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။