ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဩဂုတ် ၅ ရက်

စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇူလိုင်လ ၁ ရက်ကနေ ဇူလိုင်လ ၃၁ ရက်နေ့အထိ တစ်လအတွင်း အမျိုးသမီး ၆၄ ဦး သေဆုံးခဲ့ပြီး ၈ဝ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းသုံး တိုက်ခိုက်မှုကို အရင်လထက် ပိုမို အသုံးပြုလာတာကြောင့် နိုင်ငံအနှံ့က အမျိုးသမီးပေါင်း ၆၄ ဦး သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ-BWU ရဲ့ အမျိုးသမီးမှတ်တမ်းနဲ့ သုသေတနလုပ်ငန်းစဉ်ကနေ လစဉ် ထုတ်ပြန်တဲ့ အမျိုးသမီးဆိုင်ရာ အချက်အလက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ ၅၂ ဦးက လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး လက်နက်ကြီးကြောင့် ၁၁ ဦးနဲ့ အကျဉ်းထောင်မှာ ဆေးကုသခွင့်မရလို့ သေဆုံးသူ ၁ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် ဒဏ်ရာရတဲ့ သူတွေဟာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၆၇ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၉ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၂ ဦးနဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူ ၅ ဦးအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

သေဆုံးသူ အမျိုးသမီးတွေဟာ ကရင်ပြည်နယ်က ၁ ဦး၊ မွန်ပြည်နယ်က ၂ ဦး၊ ကချင်ပြည်နယ်က ၂ ဦး၊ ရှမ်းပြည်နယ်က ၄ ဦး၊ ကရင်နီပြည်နယ်က ၉ ဦးနဲ့၊ ပဲခူးတိုင်းက ၁ ဦး၊ မကွေးတိုင်း ၃ ဦး၊ မန္တလေးတိုင်းက ၉ ဦး၊ ရန်ကုန်တိုင်းက ၁ ဦးနဲ့ တနင်္သာရီတိုင်း ၄ ဦး၊ စစ်ကိုင်းတိုင်းက ၂၈ ဦးဖြစ်ပြီး ဒဏ်ရာရသူ ၈၀ ဦး ရှိခဲ့ကြောင်း ဆက်လက် ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလ တစ်လအတွင်းမှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၉၂ ဦး သေဆုံးခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။