ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ချောင်းဦး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးအပါအဝင် အရပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ချောင်းဦး PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ချောင်းဦးမြို့နယ် နွယ်ခွေနဲ့ချောင်းမရွာကို စစ်တပ်က စက်တပ်လေထီးအပြင် ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

“ချောင်းမရွာကို စစ်ကြောင်း ဝင်လာတယ်။ စစ်ကြောင်း ဝင်ထိုးမှုကြောင့် ပြည်သူ ၆ ဦးထက်မနည်း သေဆုံးတယ်။ ၆ ဦးထက်မနည်း သေဆုံးတာကလည်း သူတို့ရွာမှာ ဦးတည် လာချတယ်။ တချို့လူတွေဆို အလောင်းပါ ပျောက်သွားတယ်။ အခုလက်ရှိ နယ်မြေရှင်းလင်းမှုလည်း ဖြစ်တယ်။ ပြည်သူတွေလည်း ရှောင်နေတဲ့အတွက်ကြောင့်မို့ အတိအကျ မသိရသေးဘူး”

လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ နွယ်ခွေနဲ့ ချောင်းမရွာက ဒေသခံနေအိမ်တွေဟာ ထိခိုက်ပျက်စီးသလို နယ်မြေရှင်းလင်းရေး လုပ်နေဆဲဖြစ်လို့ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ အတိအကျကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သူက ဆက်ပြောပါတယ်။

“ပကဖတစ်ယောက် ပါတယ်။ ကျန်တာအရပ်သားတွေချည်းပဲပေါ့။ ရင်ခွင်ပိုက်အရွယ်ကလေးတစ်ယောက်လည်း သေတဲ့အထဲ ပါတယ်ဗျ။ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားတဲ့သူတွေလည်း ရှိတယ်” လို့ နွယ်ခွေရွာခံတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းမှာလည်း မုံရွာမြို့နယ်ထဲက ဗောဓိတထောင် တာဝါတိုင်ကုန်းကို စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်က ချောင်းဦးမြို့နယ် ကျီးကုန်းရွာကို စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ကလေးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။