ဓာတ်ပုံ – CJ

အင်းငယ်၊ ဖေဖော်ဝါရီ ၂၈ ရက်၊ ဒီးမော့ဆို

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာအုပ်စု ချောင်းတိန်းရွာမှာ ရိက္ခာပြတ်လပ်လာတာကြောင့် စစ်ဘေးရှောင်တွေ ခရုကောက် ရောင်းနေရတယ်လို့ ထောက်ပို့အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

ချောင်းတိန်းရွာဟာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် အလှူရှင် မရောက်တာ ၅ လခန့် ကြာပြီဖြစ်သလို သွားရတဲ့ လမ်းတစ်လျှောက်မှာလည်း ထိတွေ့တိုက်ပွဲ ဖြစ်နေတာကြောင့် ဒေသတွင်း ကူညီတဲ့ အဖွဲ့အစည်းလည်း သွားရောက်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူ CDM ကျောင်းဆရာမ မမီးမီးက “ဒီဖက်မှာ စစ်ဘေးရှောင်တွေ အရမ်းများတော့ သူတို့တွေက ခက်ခဲလာတာပေါ့။ ဒီးမော့ဆိုထဲက ၄ မိုင်တို့၊ လယ်ကွင်းတွေမှာ ခရုကောက်ပြီး ပြန်လာရောင်းကြတယ်။ နို့ဆီဘူး တစ်ခွက်ကို တစ်ထောင် နှစ်ထောင် အဲလို ရောင်းကြတယ်” လို့ ပြောပါတယ်။

ချောင်းတိန်းရွာဘက် သွားရောက်တဲ့ လမ်းတစ်လျှောက်မှာ မိုင်းတွေ ထောင်ထားပြီး နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်နေပေမဲ့လည်း စစ်ဘေးရှောင်တွေက စားဝတ်နေရေးအတွက် အရဲစွန့်ကာ လာရောက် ရောင်းချနေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် အချို့စစ်ဘေးရှောင်က ဟင်းရွက် ခူးရောင်းတာ၊ တောင်ယာအလုပ်မှာ နေ့စားလိုက်တာတွေ ဝင်ရောက် လုပ်ကိုင်နေရပြီး မတန်တဆ လုပ်အားခ ခေါင်းပုံဖြတ်တာတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

အသက် ၆၀ အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “ဆီနဲ့အသားဆို ဝယ်မစားနိုင်တာ ကြာပြီ။ နေ့စား လိုက်တာလည်း တစ်လမှာ ၂ ရက်လောက်ပဲ ရတော့ မကာမိဘူးလေ။ ကျမတို့ဖက်က လက်နက်ကြီးကျတာ မရှိပေမဲ့ ဝေးလို့ ဘယ်သူမှ မရောက်ဘူး။ ဂရုဏာတို့ ဘာတို့ ဘာမှမလာဘူး” လို့ ပြောပါတယ်။

ချောင်းတိန်ရွာမှာ စစ်ဘေးရှောင် ၁၅၀ ခန့်နေထိုင်ကြပြီး လက်ရှိ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ အရေးပေါ် လိုအပ်ပြီး ကိုယ်ထူကိုယ်ထ ကျောင်းတွေအတွက် စာရေးကိရိယာတွေလည်း ထောက်ပံ့ပေးစေချင်တယ်လို့ ကျောင်းကော်မတီဝင်တွေက ပြောပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ရှမ်းတောင်မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီက ဖိအားပေးကာ နေရပ်သို့ ပြန်ခိုင်းထားတာကြောင့် ကရင်နီပြည်မှာ လူဦးရေ တဖြည်းဖြည်း တိုးလာပြီး အလုပ်ကိုင်ရှားပါးတာနဲ့အမျှ စားဝတ်နေရေး ရုန်းကန်လာရတယ်လို့ စုံစမ်းသိရှိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။