ဓာတ်ပုံ- SAC

မိုင်းရူပ၊ ဇန်နဝါရီ ၁၇ ရက်၊ မန္တလေး

မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၇ ခုမှာ နှစ်ပတ်အတွင်းမှာတင် စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရသူ ၁၂၂ ဦးထက်မနည်းရှိကြောင်း မန္တလေးသပိတ်အင်အားစုက ဒီနေ့ ဇန်နဝါရီ ၁၇ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ၁၅ ရက်အထိ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရတဲ့အထဲ အောင်မြေသာစံက ၁၉ ဦး၊ ချမ်းအေးသာစံက ၁၅ ဦး၊ မဟာအောင်မြေက ၁၇ ဦး၊ ချမ်းမြသာစည်က ၁၉ ဦး၊ ပြည်ကြီးတံခွန်က ၁၉ ဦး၊ အမရပူရက ၁၈ ဦးနဲ့ ပုသိမ်ကြီးမြို့နယ်က ၃၅ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ ညသန်းခေါင်အချိန်မှာ ဧည့်စာရင်း အကြောင်းပြပြီး ဖမ်းဆီးသွားတာ၊ နေအိမ်အထိ လာဖမ်းတာနဲ့ လမ်းမှာတွေ့လို့ ပေါ်တာ ဆွဲတာတွေ ပြုလုပ်နေတယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ည ၈ နာရီနောက်ပိုင်းဆို လမ်းပေါ် လူတော်တော်ရှင်းသွားပါပြီ။ အလုပ်ကိစ္စနဲ့ မဖြစ်မနေ သွားရတဲ့သူလောက်သာ ရှိပါတော့တယ်။ လူငယ်တွေဆိုရင် မိမိအိမ်မှာတောင် မအိပ်ရဲကြပဲ နေရာအနှံ့ ပတ်အိပ်နေရပါတယ်။ အုပ်ချုပ်ရေးယန္တရားက ရှိမနေတော့ မြို့ပေါ်မှာ ခိုးဆိုးလုယက် ဓားပြတိုက်မှုတွေလည်း ဆက်တိုက်ဆိုသလို ဖြစ်နေပါတယ်”

ဖမ်းဆီးခံထားရသူတွေရဲ့ အချက်အလက်ဟာ လက်လှမ်းမှီသလောက် ပြုစုထားတာဖြစ်ပြီး မြေပြင်မှာ ဒီထက်မက ပိုများနိုင်တယ်လို့လည်း မန္တလေးသပိတ်အင်အားစုက ပြောပါတယ်။

နိုင်ငံတဝန်းမှာ စစ်ရှုံးနေတဲ့ စစ်တပ်ဟာ တပ်သားသစ် လိုအပ်ချက်ကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုမထမ်းမနေရဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ၎င်းတို့ထိန်းချုပ်ထားတဲ့နေရာမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အရွယ် လူငယ်တွေကို တပ်သားသစ် အတင်းအဓမ္မ စုဆောင်းတာနဲ့ ပေါ်တာ ဆွဲတာတွေ ပြုလုပ်နေပါတယ်။

လက်ရှိမှာ စစ်တပ်ဟာ စစ်မှုထမ်းသင်တန်း အပတ်စဥ်(၈)အထိ ဖွင့်လှစ်ထားပြီး လက်ရှိအပတ်စဥ်(၆)အထိတော့ သင်တန်းဆင်းပြီးဖြစ်ကာ အပတ်စဥ်တစ်ခုကို သင်တန်းသားဦးရေ ၅ ထောင်အထိ သတ်မှတ်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။