လွေးထွေး‌‌၊ ဇန်နဝါရီ ၂၆ ရက်

၂၀၂၄ ခုနှစ်အတွင်း KNU ဒေသမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲပေါင်း ၃,၂၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၃,၁၃၆ ဦး သေဆုံးခဲ့ပြီးတော့ ၂,၂၂၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA က ဇန်နဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဗျူဟာမှူးအဆင့်အပါအဝင် ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “ကျနော်တို့ လှုပ်ရှားနယ်မြေတွေမှာ ဗမာစစ်တပ်တွေ ထိန်းချုပ်နေရာက နည်းပါးသွားပါပြီ။ အကုန်လုံးက KNU ဘဲ နေရာချထားပါတယ်။ မြို့မသိမ်းတာ တစ်ခုပါဘဲ။ ကျေးရွာပိုင်းတွေမှာ ကျနော်တို့ အကုန်ပေါက်ရောက်ကုန်ပြီ။ ဒါတွေကတော့ ထူးခြားမှုပါဘဲ” လို့ ပြောပါတယ်။

ဒါ့အပြင် KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဘက်က ၁၀၀ ခန့် ကျဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ဗျူဟာအပါအဝင် တပ်ရင်းဌာနချုပ်နဲ့ တပ်စခန်းကြီးငယ်ပေါင်း ၁၄၀ ကျော်ကိုလည်း KNLA နဲ့ ပူးပေါင်းတပ်‌က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်အတွင်းလည်း စစ်ရေးအရှိန် မြှင့်တင်သွားမယ်လို့လည်း KNU က ပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။