မိုင်းအရှိုင်း၊ မေလ ၁၇ ရက်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်မှာဖြစ်ပြီး ဒေသခံတွေအတွက် နေထိုင်ခွင့်ကတ်ပြား သို့မဟုတ် ပြည်နယ်သား မှတ်ပုံတင် ထုတ်ပေးနိုင်ဖို့ တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာန- IDTL က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒေသတွင်း နေထိုင်ကြသူတွေအတွက် ပြည်နယ်သား မှတ်ပုံတင်ကတ်ပြား ထုတ်ပေးတာ၊ အိမ်ထောင်စုစာရင်း ထုတ်ပေးတာတွေနဲ့ ဒေသတွင်းလူဦးရေ စိစစ်တာတွေ လုပ်ဆောင်သွားမယ်လို့ တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“လုပ်ငန်းစဉ်ကတော့ ပြည်နယ်သားတွေကို ခွဲခြမ်းစိတ်ဖြာပြီးတော့ ကြီးကြပ်မယ်ပေါ့။ နယ်စပ်ဒေသတွေမှာရှိတဲ့ ဒေသခြားသား သွားလာမှုတွေ၊ တရားမဝင် ဝင်ရောက်နေထိုင်မှုတွေကို ကြီးကြပ်မယ်။ နောက်တစ်ခုက မှတ်ပုံတင်ကတ်ပြားပေါ့။ ဒီပြည်နယ်ရဲ့ သက်သေခံ မှတ်ပုံတင်ကတ်ပြားလို့ ပြောရမှာပေါ့”

ဒေသတွင်း တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး အခွင့်အလမ်း၊ ပညာရေး ကျန်းမာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာ‌ ထောက်ပံ့ရေးအတွက် လူဝင်မှုကြီးကြပ်ရေးက အလွန်အရေးပါတဲ့ အခန်းကဏ္ဍ ဖြစ်တာကြောင့် လုပ်ငန်းစဉ်တွေကို မကြာခင် ဆောင်ရွက်သွားမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့ ဧပြီလက ဝန်ထမ်းသစ် ခေါ်ယူကာ လဝကရဲ့ လုပ်ငန်းစဉ်သင်တန်း ပို့ချခဲ့ပြီး မနေ့ မေလ ၁၆ ရက်မှာ သင်တန်းဆင်းပွဲ ပြုလုပ်ရာ ဝန်ထမ်းသစ် ၅၁ ယောက်ကို သင်တန်း ပို့ချပေးနိုင်ခဲ့သလို ဝန်ထမ်းသစ် ထပ်မံ ခေါ်ယူဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။