မိုင်းဖိူမ်းဆငဲ၊ နိုဝင်ဘာ ၃ ရက်၊ နမ့်ခမ်း

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ်မှာ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)က နိုင်ငံခြားသားတွေအတွက်ပါ နေထိုင်ခွင့်ကဒ်ပြား လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ နမ့်ခမ်းမြို့မှာ ဒေသခံတွေအတွက် ဒေသခံကဒ်ပြား၊ နိုင်ငံခြားသားအတွက် နေထိုင်ခွင့်ကတ်ပြား၊ နယ်စပ်ဖြတ်သန်းခွင့်ကဒ်ပြားတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စတင်လုပ်ဆောင်ပေးနေတယ်လို့ လဝကနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အခုလောလောဆယ် ဒီပြည်နယ်သား ကဒ်ပြားရယ်၊ နေထိုင်ခွင့် ကဒ်ပြားရယ်၊ အခြားပြည်နယ်သား ကဒ်ပြားရယ်ပေါ့နော်။ ဖြတ်သန်းသွားလာခွင့် ကဒ်ပြားတော့ ကဒ်နဲ့မဟုတ်ဘူး ဒီအတိုင်း စာရွက်နဲ့ဘဲ”

နေထိုင်ခွင့်ကဒ်ပြားကို ၃ လ၊ ၆ လ သက်တမ်းအဖြစ် ပြုလုပ်ပေးနေပြီး အဲဒီကဒ်ပြားနဲ့ ဒေသတွင်း လွတ်လပ်စွာ သွားလာနိုင်တယ်လို့ သူက ပြောဆိုပါတယ်။

ဖြတ်သန်းသွားလာခွင့် ကဒ်ပြားကိုတော့ ၆ ရက်သက်တမ်းနဲ့သာ ပြုလုပ်ပေးနေပြီး အဲဒီကဒ်ပြားနဲ့ သတ်မှတ်ထားတဲ့ နေရာထက် ကျော်လွန်ပြီး သွားလာလို့ မရကြောင်း ၎င်းက ဆက်ပြောပါတယ်။

“အဲကဒ်က ငါတို့နယ်ထဲမှာဆိုရင် သူလာလျှောက်တဲ့အချိန် သူဘယ်မြို့နယ်ကို သွားချင်လဲဆိုတာက ရှိသေးတယ်။ အဲကဒ်ပြားပေါ်မှာပါတဲ့ သူသွားမယ့်နေရာထက် ကျော်ပြီး သွားရင်တော့ အရေးယူနိုင်တယ်ပေါ့နော်”

နမ့်ခမ်းမြို့ဟာ တရုတ်-မြန်မာနယ်စပ်မှာတည်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး တရုတ်လုပ်ငန်းရှင်နဲ့ တရုတ်လုပ်သားတွေ ဝင်ထွက်သွားလာမှု များတဲ့မြို့ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။