ဓာတ်ပုံ- KNG’s Page

မြတ်နိုး၊ ဧပြီ ၁၂ ရက်၊ ဖားကန့်

ကချင်ပြည်နယ် တနိုင်း-လီဒိုလမ်းမပေါ်ရှိ ဖားကန့်မြို့နယ် လဝါးရွာက စစ်ဘေးရှောင် ၅ဝဝ ကျော်အတွက် အရေးပေါ် ဆေးဝါးနဲ့ အစားအသောက် လိုအပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“လဝါးရွာကို ဗုံးကြဲတိုက်ခိုက်ခံရတယ်။ တစ်ရွာလုံး ဒုက္ခရောက်နေတယ်။ ဖုန်း၊ အင်တာနက်လိုင်းတွေ မရဘူး။ အရေးပေါ် ဆေးဝါးတွေ လိုတယ်။ စားစရာတွေ လိုတယ်။ မိသားစုတွေ တကွဲတပြား ပြေးခဲ့ရတယ်။ အဆက်အသွယ်လည်း မရဘူး” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် တောတွေထဲ တိမ်းရှောင်နေကြရသူတချို့ ပိတ်မိနေပြီး ပိတ်မိနေတဲ့ ဒေသခံတွေအတွက် ဆေးဝါးနဲ့ အစားအသောက် အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

နမ္မတီးဘက် ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေလည်း ဆေးဝါး အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ နမ္မတီး ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီဘက် ရှောင်လာတဲ့ စစ်ရှောင်တွေ အိုမင်းမစွမ်း သက်ကြီးရွယ်အိုတွေ၊ လေဖြတ်သူတွေ၊ နာမကျန်းသူတွေကိုပဲ လာပို့ထားသေးတာ။ ထွက်ပြေးနိုင်တဲ့ သန်သန်မာမာ လူတွေက လဝါးဘက်မှာ ကျန်နေခဲ့သေးတယ်”

နမ္မတီးမြို့မှာတော့ လဝါး၊ နန့်ယား၊ နောင်းမီ အဲဒီတစ်ဝိုက်က ဒေသခံတွေ ‌ရှောင်လာကြပြီး မိုးကောင်းဘက်လည်း တိမ်းရှောင်သူတွေ ရှိတယ်လို့ သိရကြောင်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက် ညနေ ၄ နာရီခန့်က လဝါးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လဝါး စာသင်ကျောင်း ဘောလုံးကွင်းမှာ ဗုံး ၂ လုံး ကျကွဲကာ ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးသွားကာ နွားတချို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

လဝါးရွာနဲ့ အနီးတစ်ဝိုက်မှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကတည်းကနေ လက်ရှိအချိန်ထိ စစ်ရေး တင်းမာနေပြီး တိုက်ပွဲ ဖြစ်ပွားနေသလို စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ရက် ၂၀ ကြာ အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ထားပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်နဲ့ စစ်ရေး တင်းမာနေတဲ့ နေရာတွေဘက် ဗုံးကြဲတိုက်ခိုက်‌နေဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။