ပျားကြီး၊ မတ်လ ၃၁ ရက်၊ မန္တလေး

မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင် လှုပ်ခတ်မှုကြောင့် စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ ပေါ်တင် ဖွင့်လှစ်လုပ်ကိုင်နေတဲ့ ဂျင်ဝိုင်းအဆောက်အဦး ပြုကျပျက်စီးမှုမှာ သေဆုံးသူ ရာနဲ့ချီပြီး ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်မြေသာစံမြို့နယ် ၁၁ လမ်းနဲ့ ၈၈ လမ်းထောင့်မှာရှိတဲ့ ၃ ထပ် ဂျင်ဝိုင်းလောင်းကစား အဆောက်အဦးဟာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။

“အောက်ဆုံးထပ်က လူအများဆုံးပဲ။ နောက်အထပ်တွေက နည်းတယ်။ ရတာတွေလည်းများတယ်။ ဒါပေမဲ့ ကျန်နေသေးလို့ ဒီနေ့တရုတ်တွေ ခွေးတွေနဲ့ လာရှာကြတာ။ ၂ လောင်း ထပ်တွေ့တယ်” လို့ ဂျင်ဝိုင်းလောင်းကစားရုံ ပြိုကျမှုကို စောင့်ကြည့်နေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆောက်အဦး ပြိုကျချိန်မှာ လောင်းကစားသမားပေါင်း ၁၂၀ ကျော်ဟာ အဆောက်အဦးထဲမှာ ရှိနေပြီး အသက်ရှင်လျက် ပြန်လည် ကယ်ထုတ်နိုင်ခဲ့သူ ၁၄ ဦးပဲရှိခဲ့တယ်လို့ မျက်မြင်တွေ့သူ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆောက်အဦး ပြိုကျမှု ဖြစ်ပွားအပြီး ၇၂ နာရီအတွင်း သေဆုံးသူ အလောင်း ၇၀ ကျော်ကို ထုတ်ယူနိုင်ခဲ့ပေမဲ့ အနည်းဆုံး လူပေါင်း ၅၀ ကျော် ကျန်ရှိနေနိုင်သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးပေါင်း ထောင်နဲ့ချီ ရှိခဲ့ပြီး သေဆုံးသူ ၁ ထောင်ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။