ဓာတ်ပုံ- DPLA

မိုင်းရူပ၊ ဧပြီ ၂၃ ရက်၊ ရပ်စောက်

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ ၁ လအတွင်း စစ်ကောင်စီတပ်နဲ့ ဓနုတပ်တော်- DPLA အကြား တိုက်ပွဲ ၂၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးအပတ်ကနေ ဧပြီ တတိယပတ်အထိ ၁ လအတွင်း တိုက်ပွဲပေါင်း ၂၀ ကျော် ဖြစ်ပွားခဲ့ကာ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဟာ DPLA ထံ အလင်းဝင်ခဲ့တယ်လို့ DPLA ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာလည်း ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာဘက် စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကျောက်ဂူဒေသမှာ DPLA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး မနေ့ ဧပြီ ၂၂ ရက်အထိ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

“တစ်လအတွင်း ထိတွေ့တိုက်ပွဲပေါင်း ၂၀ ထက်မနည်း ရှိတယ်။ ဧပြီ ၂၁ ရက်မှာလည်း တောင်းခမ်းကိုလာတဲ့ ကားတန်းကို ဖြတ်တိုက်ရင်း တိုက်ပွဲ ဖြစ်နေတာ။ စစ်မှုထမ်းဥပဒေနဲ့ အခေါ်ခံရတဲ့ စစ်ကောင်စီတပ်တပ်ဖွဲ့ဝင် ၃ ဦး လက်နက် ထားခဲ့ပြီး ကျနော်တို့ဆီ အလင်းဝင်လာ တာ ရှိတယ်” လို့ DPLA ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရပ်စောက်-ကျောက်ဂူလမ်းဟာ တိုက်ပွဲ ပြင်းထန်နေတဲ့ တောင်းခမ်းရွာဘက် စစ်တပ်က စစ်အင်အား အဓိက ဖြည့်တင်းနေတဲ့လမ်းကြောင်း ဖြစ်တယ်လို့ စစ်ရေးအခြေအနေ သိရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ အမြှောက်တပ် တည်ရှိရာ တောင်းခမ်းမှာ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်နဲ့ TNLA၊ DPLA ပူးပေါင်းတပ်တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။