ရွှေဖီမြေ၊ အောက်တိုဘာ ၄ ရက်၊ သီပေါ
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ် မန်ဟဲကျေးရွာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့ အောက်တိုဘာ ၄ ရက် မနက် ၇ နာရီ ၄၉ မိနစ်မှာ မန်ဟဲရွာရှိ စစ်တပ်စခန်းဟောင်းအတွင်း ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက် ကြဲချတိုက်ခိုက်ခဲ့ကြောင်း တအာင်းတပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂ ရက်ကလည်း သီပေါမြို့နယ် စံဖိတ်ရွာ ကုမုဒြာဟိုတယ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အဆောက်အဦး ၁ ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်ကနေ ဒီနေ့ အောက်တိုဘာ ၄ ရက်အထိ သီပေါမြို့ကို စစ်တပ်က လေကြောင်းကနေ ၁၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။