ဓာတ်ပုံ- Local

ယာရူစိင်၊ ဧပြီ ၄ ရက်၊ ဟိုပန်

“ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့မှာ သင်္ကြန်ပွဲတော် ကျင်းပဖို့အတွက် အကြီးအကျယ် ပြင်ဆင်နေတယ်လို့ ဟိုပန်ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ပြင်းအား ၇.၇ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် နိုင်ငံတစ်ဝန်း ထိခိုက်သေဆုံးမှု များနေပြီး စိတ်သောက ရောက်နေချိန် စာနာထောက်ထားတဲ့အ‌နေနဲ့ သင်္ကြန်ပွဲကို အကြီးအကျယ် မကျင်းပဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။

“ဒီလောက် အခြေအနေ မကောင်းတဲ့အချိန်မှာ သင်္ကြန်မဏ္ဍပ်ကို မလုပ်စေချင်ဘူး။ နောက်နှစ်တွေမှာ ကျင်းပရင် ရတာပဲလေ။ အခုချိန်မှာ မလုပ်သင့်ဘူးထင်တယ်။ သူများတွေ စိတ်ပူပင်စရာတွေ များနေတဲ့ အချိန်မလို့လေ။ ဟိုပန်ကလူထုတွေ အများစုက ကန့်ကွက်တယ်။ အကြီးအကျယ် မလုပ်စေချင်ကြဘူး” လို့ ဟိုပန်မြို့ခံတစ်ဦးက ပြောပါတယ်။

မန္တလေး၊ ‌စစ်ကိုင်းတိုင်း၊ နေပြည်တော်နဲ့ ရှမ်းတောင် စတဲ့ဒေသတွေမှာ ငလျင်ဘေးကြုံတွေ့နေရချိန် ဟိုပန်မြို့က သင်္ကြန်ပွဲကျင်းပတာဟာ မသင့်တော်ဘူးလို့ နောက်ထပ် ဟိုပန်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“သူများတွေ ငိုကြွေးနေချိန်မှာ ဟိုပန်မှာကျ သင်္ကြန်ပွဲလုပ်လို့ ပျော်ပါးနေတာ မကောင်းဘူးလေ။ လူအချင်းချင်းပဲ‌လေ ကိုယ်ချင်းစားမှု ရှိသင့်တယ်လေ။ ရေပတ်တာနဲ့ ရေလောင်းတာဆိုရင်တော့ ဘာမှသိပ်မဖြစ်ပေမဲ့ ပွဲထည့်တာကြီးကတော့ မလုပ်စေချင်ဘူး”

သင်္ကြန်မဏ္ဍပ်ကို ဟိုပန်မြို့ “ဝ”ယဉ်ကျေးမှုကွင်းမှာ ပြုလုပ်ထားတာဖြစ်ပြီး သင်္ကြန်ပွဲနဲ့အတူ လောင်းကစားဝိုင်းတွေလည်း ဖွင့်ခွင့်ပေးထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ငလျင်ဘေးဒဏ်သင့် လူထုတွေကို လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ မိုင်းလားတပ်မတော်- NDAA က အထူးဒေသ(၄)မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော်ကို ငလျင်ဘေးဒဏ်သင့်တဲ့ လူထုတွေကို စာနာတဲ့အနေနဲ့ ဖျက်သိမ်းလိုက်ပြီ ကိုးကန့်တပ်- MNDAA ကလည်း ကျင်းပမယ့် သင်္ကြန်ပွဲကို ဖျက်သိမ်းလိုက်သလို တအာင်းတပ်- TNLA ကလည်း ဖျက်သိမ်းကြောင်း ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။