ဓာတ်ပုံ- Local

မိုင်းပန်ပျော်၊ မေလ ၁၆ ရက်၊ တောင်ကြီး

ရှမ်းတောင် တောင်ကြီးမြို့မှာ မိုးရွာသွန်းလို့ မြို့ပေါ်ရပ်ကွက်တချို့ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တယ်လို့ ‌ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မေလ ၁၅ ရက် ညနေပိုင်းမှာ မိုးရွာသွန်းမှုကြောင့် မြို့ပေါ်က ရပ်ကွက်အများစုဟာ ရေကြီးရေလျှံမှုနဲ့ ကြုံခဲ့ရတယ်လို့ တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဘယ်လိုဖြစ်လဲဆိုတော့ မိုးများတာရယ် ကာထားတဲ့ မြောင်းနံရံ ပြိုလို့ ရေလမ်းကြောင်း လွှဲလာပြီး အိမ်တွေဘက်လည်း ရေတွေ ဝင်လာတာ။ ကားတွေ ဆိုင်ကယ်‌တွေ မြှုပ်ကုန်တာပေါ့။ ဦးခမ်းရပ်ကွက် လူအထိအခိုက်တော့ မရှိဘူး။ ပစ္စည်းတွေ‌တော့ ဆုံးရှုံးတာ ရှိတယ်”

မိုးရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လမ်းပေါ်နဲ့ ရပ်ကွက်အတွင်း‌မှာရှိတဲ့ နေအိမ်‌ထဲအထိ အမှိုက် ဝင်ရောက်ခဲ့တယ်လို့ ၎င်းအမျိုးသားက ဆက်ပြောပါတယ်။

၂၀၂၄ စက်တင်ဘာလကလည်း ရှမ်းတောင် တောင်ကြီး၊ အင်းလေး၊ ကလော၊ အောင်ပန်းနဲ့ ညောင်ရွှေမြို့တွေမှာ ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး နေအိမ်ပျက်စီး ဆုံးရှုံးမှုနဲ့ လူသေဆုံးမှု‌ ဖြစ်တဲ့အထိ ကြုံခဲ့ရဖူးပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။