လွေးလာဝ်ဇာရ်၊ အောက်တိုဘာ ၂၀ ရက်၊ ဘော်တွင်း

တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် ဘော်တွင်းကျေးရွာမှာ မိုးဆက်တိက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဘော်တွင်းက ရေချောင်းဘေးမှာနေထိုင်တဲ့ နေအိမ်တွေနဲ့ အောင်ချမ်းသာရပ်ကွက်မှာတွေမှာ မနေ့ အောက်တိုဘာ ၁၉ နဲ့ ဒီနေ့ ‌၂၀ ရက်မှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေချောင်းလျှံထွက်မှုနဲ့ တောင်ကျရေတွေကြောင့် ရေကြီးရေလျှံမှုနဲ့ ကြုံနေရတာလို့ ဆိုပါတယ်။

“မိုးက ဆက်တိုက်မိုးရွာတာ။ ၁၉ ရယ် ဒီနေ့ရယ် ၂ ရက်ဆက်တိုက် ရေကြီးနေတာ။ တစ်ခါရေကြီးရင် နာရီဝက်လောက်ကြာတယ်။ တော်တော်ကြောက်စရာကောင်းတယ်။ အိမ်တွေတော့မပျက်စီးပါဘူး။ ဘော်တွင်းတခုလုံး ရေတွေ ဝင်ကုန်တယ်ပေါ့” လို့ ပြောပါတယ်။

မိုးဆက်တိုက်ရွာသွန်းပြီး ချောင်းရေတက်လာတာကြောင့် နေအိမ်တွေ ပျက်စီးမှုမရှိပေမယ့် ကားလမ်း‌တွေမှာတော့ မြေတွေပြိုကျပြီး ပျက်စီးမှုတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

“ကားတော့ လောလောဆယ်သွားလို့မရသေးဘူး။ ချောင်းရေတိုက်စားသွားတာ။ ချောင်းဘေးက လမ်းတွေပြိုကုန်တာ။ ဆိုင်ကယ်တော့ ရတယ်။ တော်တော်များများ ပျက်ကုန်တာ။ ကုမ္ပဏီဘက်ကတော့ သူတို့ လက်လှမ်းမှီသလောက် အားရင်ပြင်ပေးပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ နမ္မတူကနေ ဘော်တွင်းအဝင် အောင်ချမ်းသာရပ်ကွက်မှာ လမ်းအနည်းငယ် ပျက်စီးသွားတာကြောင့် ကားနဲ့ သွားလာလို့ မရသေးဘူးလို့ ပြောပါတယ်။

ဘော်တွင်းမှာ လွန်ခဲ့တဲ့ ၁၉၇၆ ခုနှစ်တုန်းကလည်း အခုလိုမျိုး ရေကြီးရေလျှံမှု တစ်ခါ ဖြစ်ဖူးတယ်လို့ သူကဆက်ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။