ခိုင်လေး၊ ဇန်နဝါရီ ၂၈ ရက်၊ နမ့်ဖတ်ကာ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနဲ့ အခြားဒေသမှာ လက်ရှိ ကချင်တပ်မတော်- KIA နဲ့ တအာင်းတပ်- TNLA တို့အကြား နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နှစ်ဖက် တွေ့ဆုံဆွေးနွေးသွားဖို့ရှိကြောင်း KIO/KIA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး နော်ဘူ‌က ရွှေဖီ‌မြေကို ပြောပါတယ်။

KIA အနေနဲ့ ရှမ်းမြောက်မှာ တပ်မဟာ ၄၊ ၆၊ ၁၀ ဆိုပြီး တောင်ပိုင်းတိုင်း အုပ်ချုပ်ရေးရုံး ရှိရာဒေသမှာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်‌တွေကို ဆွေးနွေးဖို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဗဟိုကော်မတီအနေနဲ့ အဲဘက်ဆင်းပြီးမှ ဆွေးနွေးဖို့က မရှိသေးပါဘူး။ အဲကြောင့်မို့လို့ အဲဒေသခံလူကြီးတွေကို လူချင်း တွေ့ပြီးမှဘဲဖြစ်ဖြစ် စာပို့ပြီးမှဘဲဖြစ်ဖြစ် အချင်းချင်း တွေ့ဆုံဆွေးနွေးပြီးမှ ဖြေရှင်းကြပါဆိုပြီး ညွှန်ကြားထားတာ ရှိတယ်”

လက်နက်နဲ့ အပြန်အလှန် ပစ်ခတ်တာမျိုး မရှိဘဲ TNLA နဲ့ KIA က ရှမ်းမြောက် နမ့်ဖတ်ကာမှာ နယ်မြေ အငြင်းပွားမှု ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာမှာ ဇန်နဝါရီ ၂၆ ရက်က စတင်ပျံနှံ့လာတာပဲ ဖြစ်ပါတယ်။

မူဆယ်မြို့နယ် တီးမား နမ့်အွန်ဘက်သွားတဲ့ လမ်းပိုင်းမှာရှိတဲ့ KIA ဂိတ်က အခွန် ကောက်နေတာကို TNLA က လက်မခံဘဲ ဂိတ်တွေ သွားရောက် ပိတ်သိမ်းချိန်မှာ နှစ်ဖက်တပ် အခြေအတင် ဖြစ်ခဲ့တာပါ။

“မိုင်းဝီးဘက်မှာ TNLA တွေကလည်း သူတို့ရွာသားတွေကို ခေါ်ပြီး ဂိတ်တွေ ဖျက်တယ်‌ပေါ့နော်။ KIA တွေကလည်း သူတို့ရွာသားတွေခေါ်ပြီး အဲလိုဘဲ ဂိတ်တွေ လိုက်ဖျက်တယ်။ ဂိတ်တွေကိုလဲ အပြန်အလှန် ပိတ်ဆို့တာမျိုးတွေ ပြုလုပ်နေတာ ရှိတယ်ပေါ့နော်”

မူဆယ်မြို့နယ် ကောင်းဝိန်းအုပ်စု မန့်ဖာရွာရဲ့ ဆိုင်းဘုတ်ကို KIA က ဖျက်ဆီးပြီးနောက် ရွာခံတွေဘက်က မကျေနပ်လို့ ကချင်ဆိုင်းဘုတ်တွေကို ပြန်ဖျက်ဖို့ လုပ်နေချိန်မှာ ပြန်လည် တောင်းပန်ပြီး ပြုပြင်ပေးသွားမယ်လို့ KIA ဘက်က ပြောဆိုထား‌တာ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

မုံးကိုး၊ နမ့်ဖတ်ကာ၊ မိုင်းဝီး၊ မန်တုံနဲ့ မိုးမိတ်ကြားမှာရှိတဲ့ ဂိတ်တွေမှာ အပြန်အလှန် ပိတ်ဆို့ကာ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ရွှေဖီမြေက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

၂၀၂၃ အောက်တိုဘာ ၂၇ ရက်က TNLA နဲ့အတူ မဟာမိတ်တပ်ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲပြီးတော့ စစ်ဆင်ရေးအတွင်း TNLA က မြို့ ၁၂ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။