ဓာတ်ပုံ- Local

ပို့လဘား၊ မေလ ၂၃ ရက်၊ မိုးကုတ်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ လက်ပစ်ဗုံး ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၆ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီနေ့ မေလ ၂၃ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ မိုးကုတ်မြို့ ရှော့လီဝိုင်းအုပ်စု ကန်တော်ရပ်ကွက်မှာ အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ် စီးလာပြီး လက်ပစ်ဗုံး လာရောက် ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

‌ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက “လာပစ်တဲ့ နှစ်ယောက်က အသက်ငယ်ငယ်လေးပဲ ရှိသေးတယ်။ သူတို့လာပစ်တဲ့အချိန် အပြင်မှာ ရှိတဲ့သူက ထွက်ပြေးသွားပြီး အထဲမှာရှိတဲ့ ၆ ယောက်က ထိသွားတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ လက်ပစ်ဗုံး လာ‌ရောက် ပစ်ခတ်သွားတဲ့ အမျိုးသားနှစ်ဦး ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

မိုးကုတ်ဒေသခံတစ်ဦးကလည်း “အခြေအနေ မဆိုးပါဘူး။ လက်လုပ်ဗုံးလို့ ပြောပါတယ်။ ဒဏ်ရာ နဲနဲပဲ ရတာပါ။ ဆေးခန်း ပို့လိုက်တယ်လို့ ပြောပါတယ်” ဆိုပြီး ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၂ ရက်က မိုးကုတ်မြို့ အရှေ့ပိုင်းဘက် လုံခြုံရေး ကင်းလှည့်နေတဲ့ တအာင်းရဲတပ်ဖွဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

မေလ ၁၁ ရက် ည ၇ နာရီခွဲကျော်မှာလည်း မိုးကုတ်မြို့အရှေ့ပိုင်း ဘီးတောင်ရပ်ကွက်မှာရှိတဲ့ Music Zone ဘားရှေ့မှာ အမည်မသိ အမျိုးသား ၂ ဦးက လက်ပစ်ဗုံး ၂ လုံး လာရောက် ပစ်ခတ်တဲ့ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။