ဓာတ်ပုံ- Wa Nation society lifestyle

ပို့လဘား၊ ဇူလိုင် ၂၃ ရက်၊ မိုင်းပေါက်

“ဝ”ပြည် သွေးစည်းညီညွတ်‌ရေး တပ်မ‌တော်- UWSA ထိန်းချုပ်ထားတဲ့ မိုင်းပေါက်မြို့မှာ ရေကြီးမှုကြောင့် ကယ်ဆယ်ရေး လုပ်ခဲ့တဲ့ ရဲအရာရှိအပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ “ဝ”ပြည်နယ် ရဲဌာန တရားရေးဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

မိုင်းပေါက်မြို့မှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တာ‌ကြောင့် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်‌နေတဲ့ အသက် ၂၇ နှစ်အရွယ် ရဲအရာရှိ Qin Hua ဟာ မနေ့ ဇူလိုင် ၂၂ ရက်မှာ ရေထဲ မျှောပါပြီး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Qin Hua ဟာ မိုင်းပေါက်မြို့ တရားရေးကော်မတီရဲ့ အရေးပေါ် အစီရင်ခံစာကို လက်ခံရရှိပြီး Hongwei အမှတ် ၁ တိုက်ခန်းဘေးမှာရှိတဲ့ လမ်းပေါ်မှာ ရေလွှမ်းမိုးမှုကြောင့် အဖြူရောင် Alpha ကားတစ်စီး ပိတ်မိနေပြီး ကားထဲမှာရှိတဲ့ လူတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းပေါက်မြို့မှာ မနေ့ ဇူလိုင် ၂၂ ရက် မနက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုနဲ့ ရေလွှမ်းမိုးမှု‌ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံတွေ အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မိုင်းပေါက်မြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက “အိမ်တွေရော၊ ကားတွေရော ရေထဲ နစ်သွားတယ်။ လူလည်း ရေထဲ မျှောပါသွားတာ ရှိတယ်။ လောလောဆယ်တော့ ၃ ယောက် သေဆုံးခဲ့တာ ရှိတယ်။ ပြီးတော့ ကယ်ဆယ်ရေးတစ်ယောက်လည်း ပါသွားတယ်” လို့ ပြောပါတယ်။

သေဆုံးသူ ၄ ဦးထဲ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၃ ဦးဖြစ်ပြီး ကျန်တဲ့ ၂ နှစ်ဦးရဲ့ အလောင်းကိုတော့ ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်နဲ့ စက်တင်ဘာလမှာလည်း မိုင်းပေါက်မြို့မှာ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုလည်း များခဲ့ပါတယ်။

လက်ရှိမှာတော့ “ဝ”ပြည်နယ် တရားစီရင်ရေး ကော်မတီဌာနက ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေပြီး “ဝ”ပြည်နယ် သတင်းထုတ်ပြန်ရေးဌာနကလည်း အရေးပေါ် မုန်တိုင်း အထူးသတိပြုကြဖို့ မိုးလေဝသသတင်း ထုတ်ပြန်ထားတဲ့အတွက် လူထုတွေအနေနဲ့ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေအတွက် ကြိုတင်ကာကွယ်ထားကြဖို့ လိုအပ်ကြောင်းလည်း အသိပေးထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။