ဓာတ်ပုံ – KNU

ခိုင်လေး၊ မတ်လ ၆ ရက်၊ ကော့ကရိတ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU က ဒီနေ့ မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မနေ့ မတ်လ ၅ ရက် မနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်က စစ်‌ကောင်စီတပ်က တိုက်လေယာဉ် ၁ စီးနဲ့ ကော့ကရိတ်မြို့နယ်၊ အစွန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့ တယ်လို့ဆိုပါတယ်။

“ဗုံးကြဲခံ ရတဲ့ ရွာတွေမှာ က တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘူး။ အာရှလမ်းကို ထိမ်းချုပ်နိုင်ဖို့တပ်မဟာ (၆)ကျုံဒိုး မှာ အထိုင်ချ ပြီး အောင်ဇေယျ စစ်ကြောင်း ထိုးနေတာရှိတယ်။တပ်မဟာ (၇) ပိုင်ကျုံ ဘက်မှာလည်း တိုက်ပွဲ ဖြစ်နေတာရှိတယ်။အဲ့ကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ များလာတယ်။ လက်ရှိ တပ်မဟာ ၆ ရော ၇ ရော တိုက်ပွဲပြင်းထန်နေပါတယ်” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီကလည်း စစ်တပ်က လေကြောင်းနဲ့ ကော့ကရိတ်မြို့နယ်၊ ဘော့ဒိုင်းရွာ စာသင်ကျောင်းကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဘော့ဒိုင်းရွာ က စာသင်ကျောင်း၊ ရေတွင်း၊ ရေကန် နဲ့ ဆိုင်ကယ် ၁ စီးထိမှန် ပျက်စီးခဲ့ပြီး ဒေသခံနှစ်ဦးလည်းထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်‌ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေး အဆောက်အဦး‌တွေ၊ ပြည်သူ့ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ အပြစ်မဲ့ ဒေသခံတွေနေထိုင်တဲ့ နေရာ တွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လိုက်လံဗုံးကြဲ တိုက်ခိုက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ကုန်ပိုင်းကတည်းက ကော့ကရိတ်မြို့နယ် တောင်ပိုင်းမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက် သေဆုံးတာတွေရှိတယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။