ဓာတ်ပုံ- CJ

ပျားကြီး၊ အောက်တိုဘာ ၃၀ ရက်၊ မန္တလေး

စစ်ကောင်စီက စက်သုံးဆီ တင်ပို့မှု ကန့်သတ်ထားတဲ့ ရှမ်းမြောက်ကို ပို့ဆောင်မယ့် ဆီတင်တွဲကား ၄ စီးဟာ ဒီနေ့ နေ့လယ်ပိုင်းက မန္တလေးမှာ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

၁၆ မိုင်စစ်ဆေးရေးဂိတ်ကိုဖြတ်ကျော်နိုင်ဖို့ညှိနှိုင်းမှုတွေပြုလုပ်နေချိန် ပုသိမ်ကြီမြို့နယ်၊ စိတ်ကျန်းမာရေးဆေးရုံအနီးမှာခဏတာရပ်နားစောင့်ဆိုင်းနေချိန်အပူလွန်ကဲမှုကြောင့် ပေါက်ကွဲပြီးမီးလောင်ခဲ့တာဖြစ်ပါတယ်။

“၁၆ မိုင်မှာသွားညှိနေတုန်းနောက်မှာမီးလောင်တာ။ တစ်စီးကအရင်ဆုံးထပေါက်ပြီးကျန်တဲ့ကားတွေပါလောင်ကုန်တာ။တွဲကားတွေချည်းပဲ ၄ စီး”လို့ ဖြစ်စဥ်ကိုသိရှိသူဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီက နောင်ချိုမြို့နယ်ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းကို စက်သုံးဆီတရားဝင်တင်ပို့ရောင်းချခွင့်ကန့်သတ်ထားတာကြောင့်လုပ်ငန်းရှင်တွေဟာစစ်ကောင်စီထိန်းချုပ်ထားတဲ့ အောက်ခြေစစ်ဆေးရေးဂိတ်မှာငွေကြေးပေးညှိနှိုင်းပြီး သယ်ယူပို့ဆောင်နေကြတာဖြစ်တယ်လို့ ၁၆ မိုင်နယ်စပ်ကုန်သွ်ရေးစစ်ဆေးရေးဂိတ်နဲ့နီးစပ်သူတစ်ဦးကအတည်ပြုပြောဆိုပါတယ်။

မီးလောင်မှုကြောင့် စက်သုံးဆီတင်နောက်တွဲယာဥ် ၄ စီးပျက်စီးခဲ့ပြီး မီးလောင်မှုကိုမန္တလေးမြို့ နယ်မြေခံမီးသတ်တွေက ၁ နာရီကျော်ကြာငြှိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။