ဓာတ်ပုံ – Ne Win(Facebook)

ရွှေဖီမြေ၊ မေ ၁၄

နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာနေဝင်းဟာ ဒီနေ့ မေလ ၁၄ရက် မနက်အစောပိုင်းက ရန်ကုန်မြို့၊ အင်းစိန်ဆေးရုံမှာကွယ်လွန်သွားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေကအတည်ပြု ပြောဆိုပါတယ်။

န.ဝ.တ၊ န.အ.ဖ စစ်အစိုးရတွေရဲ့နှစ်ရှည်မတရားဖမ်းဆီးထောင်ချမှုတွေကိုခံခဲ့ရတဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်ဒေါက်တာနေဝင်းဟာ အသက် ၆၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဗ.က.သ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ရဲ့ဖခင်ဖြစ်တဲ့ ဒေါက်တာနေဝင်းဟာ သူတတ်ကျွမ်းတဲ့ တရုတ်အပ်စိုက်ပညာနဲ့ လူတိုင်းကိုကူညီပေးလေ့ရှိတာကြောင့် လူအများရဲ့ချစ်ခင်မှုကိုရရှိခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦး ဖြစ်ပါတယ်။

ဒေါက်တာနေဝင်းဟာ န.ဝ.တ စစ်တပ်ရဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံတော်အာဏာသိမ်းပိုက်ရေးလှုပ်ရှားမှုများဆိုတဲ့ခေါင်းစဥ်နဲ့ ၁၉၈၉ ခုနှစ်မှာ ဖမ်းဆီးခံရပြီးထောင်ဒဏ် ၁၆ နှစ်ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။

ထောင်ကလွတ်ပြီးနောက်ပိုင်း နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့သူတွေကို သင်္ဂြိုလ်ပေးခဲ့တာကြောင့် ၂၀၀၈ ခုနှစ်မှာပဲ န.အ.ဖ စစ်တပ်ကထောင်ဒဏ် ၂ နှစ်ချမှတ်တာကို ခံခဲ့ရပြန်ပါတယ်။

သမီးဖြစ်သူ မဖြိုးဖြိုးအောင်တို့ ဦးဆောင်ပါဝင်ခဲ့တဲ့ ၂၀၁၅ ခုနှစ် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးသပိတ်နဲ့ လှုပ်ရှားမှုတွေမှာ ကူညီပေးခဲ့တာကြောင့် စစ်တပ်ရဲ့ အညှိုးထားမှုကိုခံခဲ့ရပါသေးတယ်။

ဒေါက်တာနေဝင်းကွယ်လွန်ချိန်မှာ သမီးဖြစ်သူ မဖြိုးဖြိုးအောင်ဟာ စစ်ကောင်စီလက်ချက်နဲ့ တိမ်းရှောင်နေရပြီး သားမက်ဖြစ်သူ ကိုဂျိမ်းစ်ဟာလည်း လက်ရှိအချိန်ထိ အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးချုပ်နှောင်ခံနေရဆဲဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေကဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။