အင်းငယ်၊ ဧပြီ ၃ ရက်၊ ညောင်ရွှေ

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ အရှေ့ဘက်ကမ်းမှာ ခရိုနီ ဦးတေဇပိုင်ဆိုင်တဲ့ Myanmar Treasure Resort ဟိုတယ်တစ်ခုလုံး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ဟိုတယ်အနီး နေထိုင်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

အင်းလေးဒေသ မိုင်းသောက်အုပ်စု ကြံ့ပုံ့ငယ်ရွာရှိ Myanmar Treasure Resort ဟိုတယ်ဟာ ဒီနေ့ ဧပြီ ၃ ရက် နေ့လယ် ၃ နာရီခန့်မှာ တောင်သူတွေ တောမီး ရှို့ရာကနေတဆင့် မီးကူးစက်ပြီး လောင်ကျွမ်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကြံ့ပုံ့ငယ်ရွာမှာ နေထိုင်သူတစ်ဦးက “မီးလောင်တာ တော်တော်ကြာတယ်။ တော်တော် အပျက်အစီး များမယ်ထင်တယ်။ မီးသတ်ကားတွေ ညောင်ရွှေက ဆင်းလာကြတာ အများကြီးပဲ” လို့ ပြောပါတယ်။

မီးလောင်ကျွမ်းမှုဟာ ၂ နာရီကျော် ကြာမြင့်ခဲ့ပြီး ကျေးရွာအတွင်းက အိမ်တွေကို ကူးစက်လောင်ကျွမ်းတာမျိုး မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

မတ်လ ၂၈ ရက်က ရှမ်းတောင်၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာ အားပြင်းတဲ့ မြေငလျင် လှုပ်ခတ်ခဲ့စဉ်က ဦးတေဇပိုင်ဟိုတယ် အပွန်းအပဲ့ အထိအခိုက် မရှိခဲ့ပေမဲ့ လက်ရှိမှာ မီးလောင်ကျွမ်းမှုကြောင့် ဟိုတယ်တစ်ခုလုံး ပျက်စီးခဲ့ပြီလို့ နီးစပ်သူတွေဆီကတဆင့် သိရပါတယ်။

ဟိုတယ်နဲ့ နီးစပ်သူတစ်ဦးက “မီးက ဘယ်လို ရပ်မလဲ ဒီလောက်ကြီးတာ။ လူတောင် သေနိုင်တယ်။ မီးခိုးတွေ စစ်ပွဲအတိုင်း တက်နေတာ” လို့ ပြောပါတယ်။

အင်းလေးဒေသ ဟိုတယ်ဇုန်ထဲ ဦးတေဇပိုင် Myanmar Treasure Resort ဟိုတယ်ဟာ တန်ဖိုးကြီး ကျွန်းသစ်၊ ရှေးဟောင်းနဲ့ ရိုးရာအမွေအနှစ်တွေ အများဆုံး ပိုင်ဆိုင်ထားပြီး စစ်ကောင်စီ အသိုင်းအဝိုင်းနဲ့ ခရိုနီအုပ်စုတွေ မကြာခဏ လာရောက်ကြတဲ့အပြင် စစ်ကောင်စီ မကြာခဏ ဝါဒဖြန့်ဖို့ ပါတီကျင်းပတဲ့နေရာလည်း ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောဆိုပါတယ်။

အင်းလေးဒေသမှာ ငလျင်ဒဏ်ကြောင့် လူ ၂၀၀ ကျော် သေဆုံးမှုနဲ့အတူ လူနေအိမ် ၃ ထောင်နီးပါး ပျက်စီးခဲ့ရပြီး လက်ရှိမှာလည်း ကျေးရွာအတွင်းသို့ မီးကူးစက်လာမှာကို စိုးရိမ်ပူပန်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။