ဓာတ်ပုံ- CJ

လွေးလာဝ်ဇာရ်၊ ဧပြီ ၃ ရက်၊ အမရပူရ

မန္တလေးတိုင်း အမရပူရမြို့နယ် ဗုံးအိုးရွာရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ သာလေစွရွာမှာ အခြေခံ‌ စားသောက်ကုန်နဲ့ သောက်ရေသန့် လိုအပ်နေတယ်လို့ သာလေစွရွာက ကူညီပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်သွားတဲ့ ၇.၇ ပြင်းအားရှိတဲ့ မြေငလျင်ကြောင့် ဗလီ ပြိုကျလို့ သာလေစွရွာက လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။

အိမ်ခြေ ၆၈၀ ကျော်ရှိတဲ့ သာလေစွရွာဟာ နေအိမ် ၁၀ လုံး‌ကျော် လုံးဝ ပြိုကျခဲ့ပြီး တချို့အိမ်တွေ အက်ကွဲတာ​နဲ့ တချို့ကလည်း ငလျင် ထပ်လှုပ်မှာကို စိုးရိမ်တာကြောင့် သစ်ပင်အောက်မှာ မိုးကာတဲထိုးပြီး နေထိုင်ကြတယ်လို့ ဆိုပါတယ်။

“ကျနော်တို့တစ်ရွာလုံး အိမ်ထဲမှာ ဘယ်သူမှမနေရဲကြတော့ဘူး။ ဖြစ်ပြီးတဲ့အချိန် ဘယ်သူမှ မလာဘူး။ ကျနော်တို့ နေတဲ့နေရာက လူသိနည်းတယ်။ လမ်းခရီးတွေလည်း ပျက်စီးနေတာ။ အလှူရှင်တွေက မနေ့မှ ရောက်တာ။ ရောက်ပေမဲ့ နည်းသေးတယ်ပေါ့နော်။ ဆေးကုသပေးတဲ့ အဖွဲ့တွေလည်း လာတယ်။ အခုက မီး မရှိတာ။ လိုအပ်သေးတာက ခြင်ထောင်တို့၊ ဆိုလာပြားတို့၊ အဓိက စားသောက်ကုန်တွေ လိုအပ်တယ်”

သာလေစွရွာမှာ အလှူရှင်တွေ ရောက်ရှိပေမဲ့ အရောက်နည်းတာကြောင့် အလှူရှင်တွေရဲ့ အကူအညီ ထပ်မံ လိုအပ်နေသေးတယ်လို့ အထက်ပါ ကူညီပေးနေသူတစ်ဦးက ပြောဆိုပါတယ်။

အမရပူရမြို့နယ် ဗုံးအိုးရွာမှာလည်း မြေငလျင်ကြောင့် ဗလီ ၉ လုံး ပြိုကျလို့ သေဆုံးသူ ၃၀၀ ဦးအထိ ရှိလာပြီလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။