ဓာတ်ပုံ- CJ

အိုက်ပွီး၊ ဇန်နဝါရီ ၁၇ ရက်၊ ခမ်းပတ်

စစ်ကိုင်းတိုင်း ခမ်းပတ်မြို့နဲ့ ကာနန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် ၅ ဦး သေဆုံးပြီး ဘုန်းကြီးတစ်ပါးအပါအဝင် ၁၀ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ၂ နှစ်နီးပါးကြာ ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့နဲ့ ကာနန်ရွာကို မနေ့ ဇန်နဝါရီ ၁၆ ရက် ည ၈ နာရီခွဲမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

“ဂျက်ဖိုက်တာတစ်စီးနဲ့ ခမ်းပတ်မြို့ထဲ နှစ်ကြိမ် ကာနန်ရွာမှာတစ်ကြိမ် ကြဲတာပါ။ တစ်ခါ ဗုံးကြဲရင် ၅ မိနစ်ခြားနဲ့ ဗုံးသီးအလုံးအရေ အများအပြားနဲ့ ကြဲသွားတာပါ။ ကလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ပွဲချင်းပြီး သေဆုံးသွားတယ်။ နောက်ထပ် ယောက်ျားလေး သုံးယောက်လည်း ဒဏ်ရာနဲ့ သေဆုံးသွားတယ်” လို့ ခမ်းပတ်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် ကာနန်ရွာက ကျောင်းထိုင်ဘုန်းကြီးတစ်ပါးအပါအဝင် ၁၀ ဦးထက်မနည်း ဒဏ်ရာ ရရှိပြီး အဲဒီထဲက ဘုန်းကြီးတစ်ပါးအပါအဝင် ၃ ဦးဟာ ပြင်းထန်ဒဏ်ရာ ရတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်နေရသလို ဒဏ်ရာရသူအားလုံး ဆေးကုသမှု ခံယူနေရပါတယ်။

လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် ခမ်းပတ်မြို့ အမှတ်(၁)ရပ်ကွက်နဲ့ ကာနန်ရွာက ဘုန်းကြီးကျောင်းတစ်ကျောင်းအပါအဝင် အရပ်သားနေအိမ် ၂၀ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

“တမူးမြို့ထဲက ပျက်စီးသွားတဲ့ နေအိမ်ဆို ရစရာမရှိအောင် ပျက်စီးသွားတယ်။ ကာနန်ရွာက ဘုန်းကြီးကျောင်း အတော်လေး ပျက်စီးသွားတယ်။ လောလောဆယ် ပျက်စီးတဲ့ နေအိမ်က ၂၀ လုံးလောက် ရှိမယ်။ ဒီထက်လည်း များလာနိုင်တယ်” လို့ ခမ်းပတ်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကာနန်ရွာကို စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၇ ရက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးအပါအဝင် အရပ်သား ၁၇ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ခမ်းပတ်မြို့ကိုတော့ တော်လှန်ရေး တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်မှာ သိမ်းပိုက်ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။