ဓာတ်ပုံ- Tarlin Mg

မြတ်နိုး၊ ဩဂုတ် ၁၄ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှရော်ခရွာ ရဝမ်ကုန်းမှာ ဒီနေ့ ဩဂုတ်လ ၁၄ ရက် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ခန့်က လက်နက်ကြီး ကျလို့ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့‌ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ရှရော်ခရွာ ရဝမ်ကုန်းမှာ လက်နက်ကြီး ကျတာ။ ၅ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ယောက် ထိသွားတယ်။ နေ့လယ်က ဖြစ်တာပါ။ ခဏလေး အခြေအနေကောင်းလို့ ဝင်လာတာ ဖြစ်သွားတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားတာ မရှိပေမဲ့ ဖားကန့်မြို့နယ်မှာ မကြာခဏ လက်နက်ကြီး ကျလို့ ဒေသခံတွ ထိခိုက်တာ များလာ‌‌ပြီလို့ သူက ပြောပါတယ်။

“ရှရော်ခ ကျေးရွာထဲမှာရှိတဲ့ မျက်မြင်တွေ့တဲ့သူတွေကတော့ ဒရုန်းလို့ ပြောကြတယ်ဗျ။ သူတို့ကတော့ စွန်လိုမျိုး အရာတစ်ခုကို ကောင်းကင်မှာ တွေ့လိုက်တယ်လို့ဆိုပြီး သူတို့ ပြောတယ်။ သူတို့က ဒရုန်းလို့ ယူဆကြတယ်ဗျ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒရုန်းဗုံး ကျရောက်ပါက်ကွဲမှုကြောင့် Grade 10 တက်ရောက်နေတဲ့ အသက် ၁၆ နှစ်အရွယ် ထန်ရှမ်းခိုင် ခါးဘယ်ခြမ်း ထိပြီး ၅၂ နှစ်အရွယ် ကိုဝင်းနိုင် ညာပေါင်ထိကာ ၅၆ နှစ်အရွယ် ကိုရဲနိုင် ခန္ဓာကိုယ်အနှံ့ ထိခိုက်ပြီးတော့ ၅၇ နှစ်အရွယ် ကိုထူးကျော် ညာခြေထောက်၊ ၅၀ အရွယ် ကိုတင်ထွဋ်တို့ ဒဏ်ရာ ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။

“Grade 10 ကျောင်းသားက စိုးရိမ်ရတယ်ဗျ။ ကျန်လေးယောက်က မစိုးရိမ်ရပါဘူး” လို့ သူက ဆက်ပြောပါတယ်။

ဒရုန်းဗုံးကျရာ နေရာတဝိုက်ဟာ ဒီရက်ပိုင်း ငြိမ်နေတဲ့နေရာဖြစ်ပြီး လက်ရှိ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘူးလို့ သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက် ည ၉ နာရီကျော်ကလည်း ဖားကန့်မြို့နယ် ဆိပ်မူ KBC ဘုရားကျောင်းထဲ ဖားကန့်ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။