ရဲမာန်၊ စက်တင်ဘာ ၁၁ ရက်၊ မတ္တရာ
မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ခြမ်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ စက်တင်ဘာလ ၁၀ ရက် ညနေ ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဆိပ်သာအုပ်စု ရှားစေးချက်ရွာကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ၎င်းက ပြောပါတယ်။
“ဂျက်နဲ့ ပေါင် ၃၀၀ လာချသွားတာ။ သေဆုံးတာတော့ လောလောဆယ် မသိရသေးဘူး” လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေကတော့ အသက် ၆၃ နှစ်အရွယ်ရှိ ဦးစိုး၊ အသက် ၅၉ နှစ်အရွယ်ရှိ ဦးကြည်ဝင်း၊ အသက် ၂၉ နှစ်အရွယ်ရှိ ကိုပြည့်ဖြိုးအောင်၊ အသက် ၅၅ နှစ်အရွယ်ရှိ ဒေါ်အင်းနဲ့ အသက် ၂၄ နှစ်အရွယ်ရှိ မသဲစုမွန်တို့ ဖြစ်ပါတယ်။
မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ စစ်ကြောင်းထိုးလာတာတွေကြောင့် သောင်းချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။