ဓာတ်ပုံ – Local

မိုင်းရူပ၊ မေလ ၂၇ ရက်၊ ကွတ်ခိုင်

မနေ့ မေလ ၂၆ ရက် နေ့လည် ၃ နာရီဝန်းကျင်မှာ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ ရပ်ကွက်-၂ မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

“မီးလောင်တဲ့ အိမ်က ထရံအိမ်၊ အိမ်မှာ မီးမွှေးတာကနေ တစ်ဆင့် စလောင်တာ။ အချိန်မှီ မီးငြိမ်းနိုင်လို့ တခြားအိမ်တော့ မီးကူးတာမရှိဘူး။ အဲတစ်အိမ်ပဲ လောင်သွားတာ” လို့ နမ့်ဖတ်ကာကျေးရွာခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီးလောင်သွားတဲ့နေအိမ်ကို ဒေသခံတွေ မီးဝိုင်းငြိမ်းခဲ့ရပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်မှာလည်း ရှမ်းမြောက် နမ္မတူမြို့ ရပ်ကွက်(၄)ရှိ နေအိမ်တစ်ခုမှာ လျှပ်စစ်ဝါယာမီးကြိုးရှော့ ဖြစ်ရာကနေတစ်ဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း တအာင်းတပ်မတော်-PSLF/ TNLA ထိန်းချုပ်နယ်မြေမှာ မီးလောင်မှု (၈)ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ်သိန်းပေါင်း (၅၆ဝ)ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ TNLA ရဲ့ စာရင်းအရ သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။