ရွှေဖီမြေ၊ ဇန်နဝါရီ ၂၂ ရက်၊ နမ့်ဆန်
ဒီနေ့ ဇန်နဝါရီ ၂၂ ရက် နေ့လည် ၃ နာရီဝန်းကျင်မှာ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့ပေါ်ရှိ ဇယန်းကြီးဘုန်ကြီးကျောင်းမှာ မီးလောင်မှု ဖြစ်ပွားခဲတယ်လို့ နမ့်ဆန်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဝါယာရှော့ဖြစ်ပြီး လောင်တယ်လို့ ကြားတယ်။ အချိန်မှီ မီးငြိမ်နိုင်လို့ ကျောင်းဆောင်ရဲ့ အပေါ်ထပ်ဘဲ ပါသွားတယ်” လို့ ဆိုပါတယ်။
မြို့ခံတွေနဲ့ မီးသတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး မီးငြိမ်းသတ်ခဲ့ရာ နေ့လည် ၃ နာရီခွဲမှာ မီးငြိမ်းသွားပြီး တခြားကျောင်းဆောင်တွေကိုတော့ မီးကူးတာမရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်မှာလည်း မန္တလေးတိုင်း မိုးကုတ်မြို့နယ် ပိန်းပြစ်ရွာမှာ ဖယောင်းတိုင်မီးကနေတစ်ဆင့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်မှာလည်း ရှမ်းမြောက် မူဆယ်မြို့ ၁၀၅ မိုင် မိုင်းယုမှာ သားဖြစ်သူက မီးသွေးမီးဖိုထားရာကနေ နေအိမ်မီးလောင်မှုဖြစ်ပွါးခဲ့ပြီး မိခင်ဖြစ်သူ မီးထဲပါသွားပြီး သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ ပူးပြင်းတဲ့ နွေရာသီရောက်လာတော့မှာဖြစ်တာကြောင့် လူထုတွေအနေနဲ့ မီးဘေးအန္တရာယ်ကို ကြိုတင်သတိထားဖို့ လိုအပ်ကြောင်း ပြောဆိုကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။