ဓာတ်ပုံ – မှော်မင်းသား

ဇူလိုင် ၁၃၊ ၂၀၂၅

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ မနေ့ ဇူလိုင်လ ၁၂ ရက်နေ့ညတိုက်ပွဲ ဖြစ်ပွားပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း ဒေသခံ‌တွေ ထိမှန်သေဆုံးမှုရှိကာ နေအိမ် မီးလောင်တာတွေလည်း ရှိနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ယူမာ နဲ့ ဖားကန့် ကြား ‌ရွှေမြန်မာ ဆီဆိုင်ရှေ့မှာ မနေ့ ဇူလိုင်လ ၁၂ ရက် ည ၇ နာရီ ဝန်းကျင်ခန့်က အမျိုးသား တစ်ဦး ကျည်ထိ သေဆုံးထားတာလို့ သိရတယ်။ အဲဒီ ရွှေမြန်မာနား နှစ်ဖက် ပစ်ခတ်သံတွေရော ကြားနေခဲ့တာ မနေ့ညက” လို့ ဒေသခံ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း ဖြတ်သွား ဖြစ်လာ ကားတစ်စီးပေါ်က ဝှေခါ ဒေသခံ အမျိုးသားတစ်ဦးလည်း ကျည်ထိမှန် သေဆုံးသွားခဲ့တယ်လို့ သူက ပြောပါတယ်။

“လက်နက်ကြီးကျလို့ မီးလောင်သွားတဲ့ အိမ်ကတော့ အိမ်ရှင်ကတော့ မြစ်ကြီးနား ဆင်းသွားတာကြာပြီ။ အိမ် စောင့်ပဲ ရှိတာပါ။ မီးလောင်တာတော့ လူထိခိုက်မှုတော့ မရှိဘူးကြားတယ်။” လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

မနေ့ ဇူလိုင်လ ၁၂ ရက်နေ့ ည ၉ နာရီခွဲခန့်က ဖားကန့်၊ အေးမြသာယာရပ်ကွက်၊ အရှင်ကြီးနတ်စင်ကုန်းနောက်ဘက် မှော်မောင်းလျှံကျေးရွာ အတက်လမ်း Jade Land ကုမ္ပဏီဘေး လက်နက်ကြီးကျလို့ မီးလောင်သွားတာလို့ သူက ပြောပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့လကစ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာတာကြောင့် ဒေသခံ ထောင်ချီ တိုက်ပွဲ ရှောင်နေရကာ အဓိက ဆန်အခက်အခဲ ဖြစ်နေကြတယ်လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကစ စစ်ကောင်စီ စစ်ကြောင်းတွေ ကာမိုင်းဘက်က အင်အားဖြည့် ရောက်ရှိလာပြီး မနေ့ ဇူလိုင်လ ၁၂ ရက်နေ့ညအထိ နေ့တိုင်းနီးပါး တိုက်ပွဲ ဖြစ်ပွား နေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။