မိုင်းရူပ၊ မတ်လ ၂၇ ရက်၊ သပိတ်ကျင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်က စစ်အင်အား ဖြည့်တင်းနေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

တအာင်းတပ်မတော်- TNLA၊ မိုးကုတ်ဗျူဟာနဲ့ မန္တလေး PDF ပူးပေါင်းတပ်နဲ့ စစ်တပ်တို့အကြား တိုက်ပွဲ ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။

“တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေတယ်။ စစ်ကောင်စီဘက်က ဝေဟင်ရော၊ မြေပြင်ကနေရော စစ်အင်အားတွေ ဖြည့်နေတယ်။ ဒီနေ့(မတ်လ ၂၇ ရက်) မနက်လည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်” လို့ ၇ မိုင်ရွာ စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သပိတ်ကျင်းမြို့ကို ပြီးခဲ့တဲ့ ၂ဝ၂၄ ဩဂုတ် ၃၀ ရက်မှာ တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ၇ မိုင်တပ်စခန်း၊ ကျောက်ကြီးတပ်စခန်းနဲ့ တန်းမြင့်လေ့ကျင့်ရေးကျောင်း အမှတ် ၁၃ တပ်တို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။

ရှမ်းမြောက် မိုးမိတ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို TNLA သိမ်းပိုက်ပြီးနောက် မိုးမိတ်၊ မိုးကုတ်ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကလည်း ၇ မိုင်ရှိ စစ်တပ်နဲ့ သွားရောက် ပူးပေါင်းနေတာ ဖြစ်ပါတယ်။

စစ်တပ်ဘက်ကတော့ သပိတ်ကျင်းမြို့နယ်က တိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။