ဓာတ်ပုံ- MBPDF

မိုင်းပန်ပျော်၊ မတ်လ ၁၀ ရက်၊ မိုးဗြဲ

ရှမ်းဝောာင် ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်း‌ရင်းမြစ်တွေဆီက သိရပါတယ်။

တိုက်ပွဲ ပြင်းထန်နေတာကြောင့် စစ်တပ်ဘက်က အသေခံဒရုန်းနဲ့ မနေ့ မတ်လ ၉ ရက်ကစပြီးတော့ အသုံးပြုတိုက်ခိုက်လာတာ ရှိတယ်လို့ တပ်ရင်းတာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဟုတ်ကဲ့ သူတို့အနေနဲ့ မနေ့ညကတည်းက အသေခံဒရုန်းတွေ စပြီးသုံးလာတာပေါ့နော်။ တိုက်ပွဲကတော့ နေ့တိုင်း ပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က အသေခံ ဒရုန်းနဲ့ကော လက်နက်ကြီးကော ဆက်တိုက်ပစ်နေတယ်။ အခုရက်ပိုင်းဆိုလည်း တိုက်ပွဲပိုပြင်းထန်လာတယ် မြေပြင်ထိတွေ့မှု နေ့တိုင်း ရှိပါတယ်”

တိုက်ပွဲအတွင်း တပ်သားတွေက ဒဏ်ရာရတာတွေ ရှိတာကြောင့် ဆေးဝါးအကူအညီနဲ့ အခြားအကူအညီလည်း လိုအပ်နေတာ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ဘက်က ဒရုန်းနဲ့ လက်နက်ကြီး ဆက်တိုက် ပစ်ခတ်နေတာကြောင့် ဒေသခံတွေအနေနဲ့ မိုးဗြဲ လမ်းမကြီးကို အသုံးမပြုကြဖို့လည်း သတိပေးချင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။