ဓာတ်ပုံ – Local

မြတ်နိုး၊ အောက်တိုဘာ ၇

ကချင်ပြည်နယ်၊ ဖားကန့်၊ ဝိုင်းမော်၊ ဗန်းမော်တွေမှာ မနေ့ အောက်တိုဘာလ ၆ ရက် သီတင်းကျွတ်လပြည့် နေ့ကစ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ပြင်းထန်နေတဲ့ နေရာတွေလည်း ရှိတယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

“မနေ့ အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းကစ ဖားကန့်ဘက် ပစ်ခတ်သံ ပြန်စကြားရပြီ။ နေ့ခင်း ၁၁ နာရီလောက် ခဏ ငြိမ်သွားပြီး ၁၁ နာရီ မိနစ် ၄၀ လောက်မှာ ဖားကန့် နမ္မဖြစ် ကျောက်တောင်ဘက် တိုက်ပွဲစဖြစ်လာတယ်။” လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ အမျိုးသား တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ဖားကန့် ငြိမ်းချမ်းသာယာရွာဘက်ကနေ ဖားကန့် နမ္မဖြစ်ရွာနဲ့ မလန်းရွာတွေဘက် စစ်ကြောင်းထိုးရာက KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့နဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားတာဖြစ်ပြီး မလန်းရွာဘက်က ဒေသခံ အရပ်သား နှစ်ဦးလည်း လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရခဲ့တာရှိတယ်လို့ ဆိုပါတယ်။

“မနေ့ အောက်တိုဘာလ ၆ ရက်နေ့က ဖားကန့် နဲ့ ဝိုင်းမော် လုမြန်ရွာတွေဘက် တိုက်ပွဲ အတော်ပြင်းထန်တယ်။ မင်းဇေသန့် ပြည်သူ့စစ် အဖွဲ့က အတော် အထိနာတယ်လို့ သိရတယ်။ ဝိုင်းမော် လုမြန်ရွာ ဝန်းကျင်မှာက မွန်းလွဲ ၂ နာရီခန့်ကစ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွါးတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ အမျိုးသမီး တစ်ဦးကလည်း ပြောပါတယ်။

ဝိုင်းမော် လုမြန်ရွာဘက် တိုက်ပွဲမှာတော့ စစ်ကောင်စီ ဘက်က ထိုးစစ် ခါတိုင်းထက် ထပ်တိုးမြှင့်လာနေပြီး မနေ့ညနေပိုင်း မင်းဇေသန့် ပြည်သူ့ အဖွဲ့ရဲ့ အလောင်းတွေ အပုံလိုက်ရထားတာရှိကာ KIA နဲ့ ပူးပေါင်း တော်လှန်ရေးဘက်က ၂ ဦး ကျဆုံးပြီး ထိခိုက် ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

“ဗန်းမော်ဘက်တော့ စစ်ကောင်စီတွေ ထိုးစစ် ပြန်ထိုးလာလို့ တိုက်ပွဲ ပြင်းထန်နေတုန်းပဲ။ နည်းနည်းမှ မနားဘူး။ စစ်ကောင်စီဘက်ကတော့ လေကြောင်းနဲ့ တောက်လျှောက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရတယ်” လို့ နောက်ထပ် ရှေ့တန်းနဲ့ နီးစပ်တဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းက စစ်ကောင်စီဘက်က လက်နက်အင်အား၊ လူအင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာလို့ ဗန်းမော်မြို့ပေါ်က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ နေရာတချို့ ဆုတ်ခွာထားပေမယ့် ပြန်လည် သိမ်းပိုက်ရှိထားတဲ့ တပ်စခန်းရှိပြီး စစ်ကောင်စီ တပ်ဖွဲ့ဘက်ကတော့ ပြည်ထောင်စု လမ်းမကြီး အတိုင်းစစ်ကြောင်းထိုးကာ ဖောက်ထွက်ဖို့ ကြိုးစားနေကြတယ်လို့ ရှေ့တန်းသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

ဖားကန့်၊ ဝိုင်းမော်၊ ဗန်းမော်တွေမှာတော့ စစ်ကောင်စီက လာမယ့် ဒီဇင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲ ပြုလုပ်မယ့် မြို့တွေတွေမှာ ထည့်သွင်းထားတာကို တွေ့ရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။