ဓာတ်ပုံ- DPLA

မိုင်းရူပ၊ ဇန်နဝါရီ ၉ ရက်၊ ရပ်စောက်

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်- DPLA တို့အကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်ဂူဒေသမှာ စစ်ကူ ပို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့အပြင် ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာဘက် စစ်ကူ ပို့နေတဲ့ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

“ပစ်ခတ်မှု နေ့စဥ် တိုက်ပွဲ နေ့စဥ်လိုလို ဖြစ်နေပါတယ်ဗျ” လို့ DPLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်ဂူမှာ စစ်ကောင်စီရဲ့ အမြှောက်တပ် ၃၄၉ စခန်း အခြေစိုက်ထားတာဖြစ်ပြီး ရပ်စောက်-ကျောက်ဂူ လမ်းပိုင်းဟာလည်း တအာင်းတပ်မတော်- TNLA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ တောင်းခမ်းရွာဘက်ကို စစ်ကောင်စီက စစ်အင်အား အဓိက ဖြည့်တင်းနေတဲ့လမ်းကြောင်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အမြှောက်တပ် တည်ရှိရာ တောင်းခမ်းရွာမှာလည်း စစ်တပ်နဲ့ TNLA တို့အကြား နေ့စဥ်လိုလို တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တောင်းခမ်းဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ အုမ္မတီးနဲ့ ဘန့်ဘွေးဘက်မှာ စစ်ကောင်စီက ဒရုန်းနဲ့ ကြဲတာရှိတယ်” လို့ ပြောပါတယ်။

စစ်တပ်ဘက်ကတော့ ကျောက်ဂူနဲ့ တောင်းခမ်းရွာက တိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။