လွေးထွေး၊ ဒီဇင်ဘာ ၉ ရက်၊ ကွတ်ခိုင်

‎ကွတ်ခိုင်မြို့နယ်ရှိ လွယ်မှုန်ဆာ စစ်ရှောင်စခန်းမှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ဟာ တရုတ်ပြည် ရွှေလီဘက်အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားရာကနေ လက်ရှိအချိန်အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ၎င်းအမျိုးသမီးဟာ နေအိမ်ကနေ ထွက်သွားပြီး ရွှေလီမြို့ဘက် အလုပ်သွားလုပ်ခဲ့ချိန်ကတည်းက မိသားစုတွေနဲ့ မဆက်သွယ်လာသလို မိသားစုဝင်တွေဘက်ကလည်း ဆက်သွယ်လို့မရတော့ဘဲ ဖြစ်နေခဲ့ပါတယ်။

‎အဲပျောက်ဆုံးနေတဲ့ အမျိုးသမီးငယ်ရဲ့ ညီမဖြစ်သူက “သူတက်သွားခါစ မူဆယ်မှာရှိတဲ့အချိန် ပြောလို့ရသေးတယ်။ အခုက တရုတ်ပြည်ဘက်သွားတော့ သူ့သူငယ်ချင်းကိုမေးကြည့်လည်း မရဘူးတဲ့။ ဘယ်လိုစုံစမ်းရမလဲမသိဘူး” လို့ ပြောပါတယ်။

‎၎င်းအမျိုးသမီးဟာ အသက် ၁၅ နှစ်အရွယ် လွေးအီခင်ဖြစ်ပြီး မိသားစုဝင်တွေက လူကုန်ကူးခံရမှာကို စိုးရိမ်တာကြောင့် တွေ့ရှိပါက 09697896445 ကို ဖုန်းဆက် အကြောင်းကြားပေးဖို့ တောင်းဆိုထားပါတယ်။

‎လက်ရှိကာလမှာ အလုပ်အကိုင် ရှားပါးနေတာကြောင့် မိသားစု စားဝတ်နေရေးအတွက် ပြည်ပကိုအလုပ်ထွက်လုပ်ရင်း ပွဲစားနဲ့တိုးပြီး လူကုန်ကူးခံနေရတဲ့ဖြစ်စဉ်လည်း မကြာခဏ ဖြစ်ပွားနေတယ်လို့ ကွတ်ခိုင်နေအမျိုးသမီးက ဆိုပါတယ်။

‎အလားတူဖြစ်စဉ်မျိုး ရှမ်းမြောက်မှာ မကြာခဏဖြစ်ပွားနေပြီး တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နဲ့ တရုတ်ပြည်၊ ဝ ဒေသဘက်မှာလည်း ဆယ်ကျော်သက် အမျိုးသမီးတွေလူကုန်ကူးခံနေရတဲ့ဖြစ်စဉ် မကြာခဏဖြစ်ပွါးလျက် ရှိနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။