ဓာတ်ပုံ- ရှမ်းတောင် စစ်ဒေသခွဲ PDF အမှတ်(၁) ဗျူဟာ

မိုင်းရူပ၊ ဧပြီ ၂၈ ရက်၊ ဖယ်ခုံ

ရှမ်းတောင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတို့အကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။

မနေ့ ဧပြီ ၂၇ ရက်ကစပြီး မိုးဗြဲအခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၄၂၂ တပ်ကနေ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းဟာ မိုးဗြဲမြို့ကို ထိုးစစ် ဆင်လာပြီး ဒီနေ့ ဧပြီ ၂၈ ရက်အထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

“ထိခိုက်မှုတော့ အရမ်းများတယ်။ စကစက လက်နက်ကြီးကို မိုးရွာသလို ပစ်ချနေတယ်။ လေယာဥ်နဲ့လည်း ၂ ခေါက် လာကြဲတယ်” လို့ မိုးဗြဲတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ရှမ်းတောင် စစ်ဒေသခွဲ PDF အမှတ်(၁) ဗျူဟာရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဧပြီ ၂၇ ရက်မှာ တိုက်ပွဲအတွင်း မိုးဗြဲတပ်ရင်း ၁၀၀၁ ဘက်က ရဲဘော်တစ်ဦး ကျဆုံးပြီး စစ်တပ်ဘက်ကလည်း ထိခိုက်သေဆုံးမှု များတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် မနေ့မှာပဲ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် မိုးဗြဲမြို့ရှိ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

မိုးဗြဲမြို့ရဲ့ နေရာအများစုကို ကရင်နီ တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မိုးဗြဲမြို့အနီးမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၄၂၂) ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး မိုးဗြဲမြို့ကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် တိုက်ပွဲ ပြင်းထန်ခဲ့ရာ ငလျင် လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက်မှာ တိုက်ပွဲ ပြန်လည် ငြိမ်သက်ခဲ့ပေမဲ့ လက်ရှိမှာ တိုက်ပွဲ ပြင်းထန်လာတာပဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။