ဓာတ်ပုံ – Local

မြတ်နိုး၊ ဇူလိုင် ၁၂၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မနေ့ ဇူလိုင်လ ၁၁ ရက်က စစ်ကောင်စီတပ်နဲ့ KIA၊ပူးပေါက်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ မနက် ဖားကန့် ဆွတ်ဘွမ် (အမှိုက်ပုံ)က စစ်ကောင်စီစခန်းကို သွားရောက် တိုက်ခိုက်တာ။ အဲမှာ စစ်ကောင်စီ ၁၀ ယောက်လောက် သေတယ်။ ချင်း ဘုရားကျောင်းဘက် တပ်ဆုတ်သွားတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

နေ့လယ်ပိုင်းမှာ‌တော့ စစ်ကောင်စီအဖွဲ့ရဲ့ လက်နက် စုပုံထားတဲ့နေရာ ထပ်ပေါက်ကွဲခဲ့လို့ စစ်ကောင်စီတပ်တွေ သေဆုံးတာ ထပ်တိုးတာတွေရှိတယ်လို့ သူက ပြောပါတယ်။

“အမှိုက်ပုံဘက်က နေအိမ်တစ်အိမ်ပေါ် တည့်တည့် လက်နက်ကြီးကျတာ။ ပြာဖြစ်သွားပြီ။ ဘုန်းကြီးကျောင်းက ဦးဇင်းနဲ့ ရွာသားတချို့ သွားငြိမ်းလို့ တခြား အိမ်တွေဘက် မကူးဘူး” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဖားကန့် အမှိုက်ပုံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇူလိုင်လ ၁၁ ရက်နေ့ နေ့ခင်းက KIA နဲ့ KPDF ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်တာမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ကျည်ထားတဲ့နေရာ တည့်တည့် လက်နက်ကြီးကျရောက် ပေါက်ကွဲလို့ ထပ်ဆင့်ပေါက်ကွဲသွားတယ်လို့ KPDF နဲ့ နီးစပ်သူဆီက သိရပါတယ်။

စစ်ကောင်စီက ဖားကန့်ဒေသကို ပြန်လည်စိုးမိုး ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ဇွန်လ လဆန်းပိုင်းကစ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။