ဓာတ်ပုံ- CJ

အိုက်ပွီး၊ မတ်လ ၁၃ ရက်၊ ဖလမ်း

ချင်းပြည်နယ် ဖလမ်းမြို့ရှိ စစ်ကောင်စီ လက်ကျန်စခန်းမှာ တစ်ကျော့ပြန် တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းကနေ ခုခံတိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်- CNDF ရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

မနေ့ မတ်လ ၁၂ ရက် မနက်အစောပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်တဲ့နေရာကို စစ်တပ်က Y-12၊ Y-8 လေယာဥ် အသုံးပြုပြီး ပေါင် ၅၀၀ ဗုံးသီးနဲ့ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။

“တိုက်ပွဲကတော့ ပြန်လည် ပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က တစ်နေကုန် လေကြောင်း ခုခံတိုက်ခိုက်နေတယ်။ ဒီနေ့က အဆိုးဆုံးပေါ့နော်။ လေယာဥ် ဗုံးကြဲတာ ၁၀ ခေါက်ကျော်တယ်။ ပေါင် ၅၀၀ ဗုံးသီးအပါအဝင် ဗုံးမျိုးစုံပါပဲ” လို့ CNDF ​တာဝန်ရှိသူတစ်ဦးက မနေ့ မတ်လ ၁၂ ရက်က ရွှေဖီမြေသို့ ပြောပါတယ်။

ဖလမ်းမြို့ သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် ခလရ ၂၆၈ တပ်ရင်းကုန်းကို ချင်းညီနောင်နဲ့ မဟာမိတ် ပူးပေါင်းတပ်က ဝိုင်းဝန်းပိတ်ဆို့ထားပြီး ရိက္ခာ ဖြတ်တောက်ထားကာ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်တပ်က ဖလမ်းမြို့ ခလရ ၂၆၈ တပ်ရင်းကုန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီက ရဟတ်ယာဥ်နဲ့ စစ်ကူ၊ လက်နက်ခဲယမ်း၊ ရိက္ခာတွေ ဖြည့်တင်းနေပါတယ်။

“ခလရ ၂၆၈ တပ်ရင်းကုန်းကို ပိတ်ဆို့ပြီး တိုက်ခိုက်နေတာပါ။ ဒီနေ့တော့ စခန်းကုန်းထဲ ဝင်ရောက်နိုင်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီနေ့တိုက်ပွဲက အပြင်းထန်ဆုံးအနေအထားမှာ ရှိပါတယ်။ စစ်ကောင်စီဘက်ကလည်း စခန်းမကျစေရေးအတွက် ဂျက်ဖိုက်တာ၊ Y-12၊ Y-8 လေယာဥ်တွေကို အသုံးပြုပြီး မနက်ကတည်းက အခုညနေအချိန်ထိ လေကြောင်း ဗုံးကြဲတိုက်ခိုက်နေပါတယ်” လို့ စစ်ရေးနဲ့နီးစပ်သူ ဖလမ်းမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖလမ်း မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နဲ့ မဟာမိတ် ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖလမ်းမြို့ သိမ်းပိုက်ရရှိဖို့ ခလရ ၂၆၈ တပ်ရင်းကုန်းသာ ကျန်ရှိနေတာ ဖြစ်ပါတယ်။

ချင်းညီနောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဖလမ်း မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်အောက်ခံ ရဲအရာရှိအပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ချင်းညီနောင်နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေကလည်း ထိခိုက်ကျဆုံးမှု ရှိနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။