ဓာတ်ပုံ- Google (ပုံဟောင်း)

ခိုင်လေး၊ ဇန်နဝါရီ ၁၁ ရက်၊ တောင်ကြီး

ရှမ်းတောင် တောင်ကြီးကနေ ရှမ်းမြောက် လားရှိုးဘက် လာမယ့်သူတွေထဲက ၁၃ မျဉ်း‌စောင်း မဟုတ်တဲ့ တခြားဒေသက လူထုတွေဟာ စစ်တပ်က ဖမ်းဆီးမှာကို စိုးရိမ်တာကြောင့် ကွင်းလမ်းကနေ ပတ်သွားရလို့ ကားခ ပိုပေးနေကြရပါတယ်။

ကွင်းလမ်းကနေ ပတ်ပြီး သွားရတဲ့ ဒေသခံ‌‌တွေဟာ ကားခ တစ်ယောက်ကို ကျပ် ၅ သိန်း ပေးရပြီးတော့ ၁၃/ ကိုင်ဆောင်တဲ့ ဒေသခံတွေကတော့ လမ်းမကြီးအတိုင်း သွားလာလို့ ရတဲ့အတွက် ကားခက ၁ သိန်း ၇ သောင်းကနေ ၂ သိန်းဝန်းကျင်အထိ ပေးရတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။

အမျိုးသမီး ခရီးသည်တစ်ဦးက “အရင်က ကားစီးရင် ကားခက ထောင်ဂဏန်းလောက်ဘဲ ရှိတယ်။ အခုဟာက သောင်းဂဏန်းတောင် မရဘူး။ သိန်းဂဏန်း ပေးပြီး သွားနေရတယ်။ ကုန်ဈေးနှုန်းတွေလည်း မနည်းဘူးလေ” ဆိုပြီး ပြောပါတယ်။

၁၃ မျဉ်းစောင်း ကိုင်ဆောင်တဲ့ ခရီးသည်တွေကတော့ ထောက်ခံစာနဲ့အတူ ပုံမှန် လမ်းမကြီးအတိုင်း သွားလာလို့ရကြောင်း အထက်ပါ ကားသမားက ပြောပါတယ်။

၁၁ မျဉ်းစောင်း၊ ၅ မျဉ်းစောင်း၊ ၁ မျဉ်းစောင်း ကိုင်‌ဆောင်ထားတဲ့ ခရီးသည်တွေဟာ ကွင်းလမ်းက‌နေတဆင့် ပို့‌ဆောင်‌ပေးရတာဖြစ်ပြီး ၎င်းတို့ကိုတော့ ထောက်ခံစာ ပြုလုပ်ပေးတာ မရှိဘူးလို့ ဆိုပါတယ်။

“၁၃/ တွေကြတော့ ထောက်ခံစာပါရင် ဂိတ်တွေက ပေးဖြတ်တယ်။ ထောက်ခံစာကိုတော့ ရဲစခန်းနဲ့ အေးသာယာ ကားကွင်းမှာ လုပ်လို့ရတယ်။ လားရှိုးက‌နေ လာရင်တော့ မလိုဘူး။ ၁၁/၊ ၅/၊ ၁/တို့ကြတော့ စစ်တပ်ဘက်က ဖမ်းထားမှာဆိုးလို့ ကွင်းလမ်းကနေ ပတ်ပြီး သွားရတယ်”

၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်ပြီးနောက် ရှမ်းမြောက်ရှိ မြို့အများစုကို ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စက်သုံးဆီဈေးနှုန်း အဆမတန် မြှင့်တက်လာသလို ကားခလည်း ၅ ဆကနေ ၁ဝ ဆအထိ မြှင့်တက်လာပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။