ယာရူစိင်၊ ဧပြီ ၂ ရက်၊ ကျောက်ဆည်

မန္တလေးတိုင်း ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်မှာရှိတဲ့ Bright Kids မူကြိုကျောင်းမှာ တက်နေကြတဲ့ ကလေး ၂၅ ဦးအပါအဝင် သေဆုံးသွားသူ ၂၇ ဦးအတွက် ကျန်ရစ်သူ မိသားစုဝင်တွေက အမျှဝေ အမိန့်စာပြန်တာတွေ ပြုလုပ်ပေးခဲ့ပါတယ်။

“ဒီနေ့မနက်ပိုင်းမှာ အမိန့်စာပြန်တာ ပြုလုပ်‌ပေးတာပါ။ အဲကျောင်း တည်ထောင်သူနဲ့ ကျန်ရစ်တဲ့ မိသားစုတွေက ပူးပေါင်းပြီး သေဆုံးသွားသူတွေကို ရည်စူးပြီး ပြုလု‌ပ်ပေးတာပါ။ ဒီလို ငလျင်မျိုးကို တစ်ခါမှ မကြုံဖူးပါဘူး။ မိသားစုဝင်တွေအတွက် တစ်ကယ်စိတ်မကောင်း ဖြစ်ပါတယ်။ ကလေးတွေ ဘယ်လောက်တောင် လန့်နေမလဲ မသိဘူး။ တွေးမိတိုင်း မျက်ရည် ကျရပါတယ်” လို့ ကျောက်ဆည်မြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က ပြင်းအား ၇.၇ ရှိတဲ့ ငလျင် လှုပ်ခတ်တာကြောင့် ကလေးငယ် ၂၅ ဦး၊ ဆရာမ ၁ ဦးနဲ့ ကျောင်းမုန့်ဈေးတန်းက အမျိုးသမီး ၁ ဦး‌ သေဆုံးခဲ့တာပါ။

မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ မန္တလေးမြို့အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှုများပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းတောင်လည်း ထိခိုက်‌သေဆုံးမှု များခဲ့ပြီးတော့ သေဆုံးမှုတွေ ဆက်လက် မြှင့်တက်နေပါတယ်။

မန္တလေးတိုင်းမှာ ထိခိုက်သေဆုံးမှု အများဆုံးဖြစ်ပြီး ဒီနေ့ ဧပြီ ၂ ရက် နေ့လယ်အထိ ငလျင်ဒဏ်ကြောင့် နိုင်ငံတစ်ဝန်းမှာ ထိခိုက်သေဆုံးသူရဲ့ အလောင်း ၃ ထောင်နီးပါး တွေ့ရှိထားပြီး ဆက်လက် ရှာဖွေနေဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။