ဓာတ်ပုံ – Local

ပျားကြီး၊ အောက်တိုဘာ ၂၈ ရက်၊ တောင်ကြီး

ရှမ်းတောင် တောင်ကြီးမြို့မှာ ပြုလုပ်ဖို့ရှိတဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲအတွက် ယမ်း စမ်းသပ်မှုတွေ ပြုလုပ်နေချိန်မှာ ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို အတည်ပြုပြောဆိုပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာက နေအိမ်တစ်လုံးမှာ မီးပုံးပျံမှာ အသုံးပြုမယ့်ယမ်းတွေ စမ်းသပ်နေတဲ့အချိန် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

“ပေါက်ကွဲတော့ အဲ့ဒီအိမ်နားမှာရှိတဲ့ ကွမ်းယာဆိုင်ကအမျိုးသမီးကိုမှန်ပြီး မီးလောင်ကုန်တာပေါ့။ ဆေးရုံတောင်မပို့လိုက်ရဘူး။ နေရာတင်ဆုံးတာ။ ကျန်တဲ့ဒဏ်ရာရတဲ့သူတွေတော့ စဝ်စံထွန်းဆေးရုံကိုပို့လိုက်ပြီ”လို့ တောင်ကြီးမြို့ခံပရဟိတအသင်းသားတစ်ဦးကပြောပါတယ်။

ယမ်းမတော်တဆမှုကြောင့် နေအိမ်တစ်လုံးမီးလောင်ခဲ့ပြီးအမျိုးသား ၂ ဦးလည်းမီးလောင်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲမှာ အခုလိုယမ်းမတော်တဆပေါက်ကွဲမှုတွေကြောင့် လူသေဆုံးမှုနဲ့ မီးလောင်မှုတွေဟာနှစ်စဥ်နီးပါးရှိခဲ့ပြီး အနီးစပ်ဆုံးအနေနဲ့ ပြီးခဲ့တဲ့နှစ်ကလည်း အခုလိုယမ်းမတော်တဆမှုကြောင့် လူ ၃ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မနက်ဖြန် အောက်တိုဘာလ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိကျင်းပမယ့် တန်ဆောင်တိုင်မီးပုံးပျံပွဲကို အရင်နှစ်တွေကထက် ပိုပြီးစည်ကားအောင် စစ်ကောင်စီဖက်က စီစဥ်နေပြီး ညမီးကြီးမီးပုံးပျံ ၄၃ လုံး၊ စိန်နားပန် ၃၇ လုံးအပါအဝင် မီးပုံးပျံစုစုပေါင်း ၄၃၈ လုံးဝင်ရောက်ယှဥ်ပြိုင်ဖို့စာရင်းပေးထားတယ်လို့ ပွဲတော်ကျင်းပရေးကော်မတီက ထုတ်ပြန်ထားတာတွေ့ရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှု နားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။