ဓာတ်ပုံ- Google

အိုက်ပွီး၊ မေလ ၄ ရက်၊ ဟားခါး

ချင်းပြည်နယ်မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့မြို့အပါအဝင် ချင်းပြည်နယ်တစ်ခုလုံး လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

အစောပိုင်းက လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ရရှိတဲ့ ဟားခါးမြို့အပါအဝင် ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်ကစပြီး ချင်းပြည်တစ်ခုလုံး ပြတ်တောက်နေတာပဲ ဖြစ်ပါတယ်။

“လျှပ်စစ်မီး ပျက်တာက အတော်ကြာပါပြီ။ ပျက်တည်းက အခုထိ မရသေးဘူး။ ဖုန်းလိုင်းကြတော့လည်း အရင်လက လုံးဝ မရဘူး။ အခုတော့ ပေါ်လာလိုက်၊ ပျောက်လိုက်နဲ့ ဖြစ်နေတယ်။ ဖုန်းလိုင်း ပေါ်ပေမဲ့ အင်တာနက် သုံးမရဘူး။ ဖုန်းခေါ်မရဘူး” လို့ ဟားခါးမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဟားခါးမြို့ကလွှဲရင် ကျန်တဲ့မြို့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေတာပဲ ဖြစ်ပါတယ်။

လျှပ်စစ်မီးနဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရရှိပေမဲ့ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လှည့်ပတ်နေဆဲဖြစ်တဲ့ ဟားခါးနဲ့တီးတိန်မြို့မှာတော့ ဌာနဆိုင်ရာဝန်ထမ်းတွေကို မီးစက်နဲ့ ဝိုင်ဖိုင် သုံးစွဲခွင့် ရနေတယ်လို့ သိရပါတယ်။

“တီးတိန်မှာတော့ ဌာနဆိုင်ရာ ရုံးဝန်ထမ်းတွေအတွက် မီးစက်နိုးပြီး အလုပ် လုပ်ခိုင်းနေပါတယ်။ ပြီးတော့ အင်တာနက်လိုင်းကိုလည်း ဝိုင်ဖိုင်စက် တပ်ဆင်ပေးပြီးတော့ အလုပ်ချိန်အတွင်း အကန့်အသတ် အင်တာနက်လိုင်း အခမဲ့ သုံးစွဲခွင့် ရကြပါတယ်” လို့ တီးတိန်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ချင်းပြည်နယ်မှာ ဆက်သွယ်ရေး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေပြီး ပြည်မနဲ့ဆက်စပ်တဲ့ နေရာတချို့မှာ ဖုန်းလိုင်း ရရှိပြီး အင်တာနက်လိုင်းအတွက် ဒေသခံတွေဟာ စတားလင့်ခ်ကို ပိုအသုံးပြုလာကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။