ဓာတ်ပုံ – CJ

ပျားကြီး၊ ဧပြီ ၂၇၊ မင်းကွန်း

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသကို စစ်ကောင်စီကချုပ်ကိုင်ပိတ်ဆို့ထားတာကြောင့် ငလျင်ဘေးကူညီကယ်ဆယ်ပေးမှုတွေဟာ ၁လကြာတဲ့အထိ လုံးဝမရောက်ရှိသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။

မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ဒဏ်ကြောင့် မင်းကွန်းဒေသတစ်ခုလုံးမှာအဆောက်အဦးပြိုကျပျက်စီးမှုတွေနဲ့ လူသေဆုံးမှုတွေအများအပြားရှိခဲ့ပေမဲ့ စစ်ကောင်စီက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေသွားရောက်လုပ်ဆောင်ခွင့် ကန့်သတ်ခဲ့တာဖြစ်ပါတယ်။

“စစ်ကိုင်းနဲ့ မင်းကွန်းကြားကရွာတွေတော့ အကူအညီနည်းနည်းပါးပါးရောက်တယ်။ မြသိန်းတန်ဘုရားမြောက်ဖက်ကစပြီး တလျောက်လုံးကဒီနေ့အထိ လုံးဝမရောက်သေးဘူး။တချို့တွေဆိုစားစရာကိုမ ရှိတော့ဘူး။ နေစရာလည်းမရှိတော့ဘူး”လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

အခုလို ငလျင်ဘေးအကူအညီပေးမှုတွေ မရောက်ရှိသေးတာကြောင့် ရှားယောင်း၊ ကင်း၊ ချောင်းမကြီး၊ အုန်းသဇင်၊ မြေတိုင်း စတဲ့ကျေးရွာတွေအပါအဝင်ကျေးရွာပေါင်း ၇ ရွာထက်မနည်းကဒေသခံတွေဟာ စားဝတ်နေရေးခက်ခဲမှုတွေနဲ့ ဆိုးဆိုးရွားရွားရင်ဆိုင်နေရတယ်လို့ အသက် ၄၉ နှစ်အရွယ်ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

မင်းကွန်းဒေသကိုဆက်သွယ်သွားလာဖို့ ကားလမ်းနဲ့ ရေကြောင်းလမ်း ၂ ခုရှိပေမဲ့ လမ်းတွေအားလုံးကို စစ်ကောင်စီကတင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားတာတွေ့ရပါတယ်။

“စစ်ကိုင်းဖက်က ကားနဲ့သွားရင်ရတယ်။ ဒါပေမဲ့ လူအိုရုံကိုကျော်ခွင့်မပေးဘူး။ မန္တလေးကနေ ရေကြောင်းကသွားပြန်ရင်လည်း ဆိပ်ကမ်းတွေမှာကတည်းကသွားခွင့်မပေးဘူး။ မြစ်ထဲကဂိတ်တွေကလည်းပေးမသွားဘူး။ အဲ့ဒါကြောင့်အကူအညီတွေလုံးဝ မရောက်တာပေါ့။ နောက်ပြီး နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ပစ်လိုက်၊ လေကြောင်းကနေပစ်လိုက်ဆိုတော့ တော်ရုံအလှူရှင်တွေလည်းမသွားရဲကြဘူး”လို့ မန္တလေးအခြေစိုက်ပရဟိတအသင်းဦးဆောင်သူတစ်ဦးကပြောပါတယ်။

အဲ့ဒီအပြင် ကျွန်းတွေပေါ်မှာငလျင်ကြောင့် မြေပြင်အက်ကွဲမှုတွေအများအပြားရှိခဲ့တဲ့အတွက် ဧက ရာနဲ့ချီတဲ့ ပဲစင်းငုံစိုက်ခင်းတွေအပါအဝင်စိုက်ပျိုးရေးလုပ်ငန်းတွေအားလုံးနီးပါးလည်းပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။