ဓာတ်ပုံ- SPM

ပျားကြီး၊ မတ်လ ၂၉ ရက်၊ မန္တလေး

အင်အားပြင်းတဲ့ ငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ သေဆုံးသူ ၈၀၀ ကျော်အထိရှိလာပြီး အေးရိပ်ငြိမ်သုဿန်မှာ အလောင်း စုပုံနေတယ်လို့ ဒေသခံ ပရဟိတသမားတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မန္တလေးမြို့က အဆောက်အဦးပေါင်း ရာနဲ့ချီ ပြိုကျခဲ့ပြီး အသက်ဆုံးရှုံးမှုလည်း ထောင်နဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

“အခုထိ စာရင်းက ချုပ်လို့ မရသေးဘူး။ တချို့ DB(ရုပ်အလောင်း)တွေဆိုရင် သွားမကောက်နိုင်သေးဘူး။ အခုထိဆိုရင် သိသလောက်က ၈၀၀ ကျော်ပြီ။ ဒါအနည်းဆုံးပဲ။ မြေပြင်မှာက ဒီထက် ပိုများမယ်” လို့ အသက် ၄၀ အရွယ် ဒေသခံ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

အဆောက်အဦး ပြိုကျမှုကြောင့် သေဆုံးသူ များခဲ့တဲ့အတွက် ဒီနေ့မနက်ပိုင်းကစပြီး ပုသိမ်ကြီးမြို့နယ်က အေးရိပ်ငြိမ်သုဿန်နဲ့ အမရပူရမြို့နယ်က တောင်အင်းမြောက်အင်းသုဿန်ဘက် အလောင်း ပို့ဆောင်ပေးနေရတယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။

အလောင်းတွေ များတာကြောင့် လမ်းမပေါ်မှာ နာရေးကား တန်းစီမောင်းနှင်နေရပြီး အေးရိပ်ငြိမ်သုဿန်မှာလည်း အလောင်းပေါင်း ၂၀၀ ကျော် စုပြုံနေတာ မြင်တွေ့ခဲ့ရပါတယ်။

ငလျင်အခြေအနေကြောင့် သိန်းနဲ့ချီတဲ့ ဒေသခံတွေဟာ နေအိမ်တွေထဲ ဆက်လက် နေထိုင်မှု မရှိတော့ဘဲ လမ်းပေါ်မှာပဲရာသီဥတု ပူပြင်းတဲ့ကြားက ၂၄ နာရီ ကြာတဲ့အထိ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။