ရွှေဖီမြေ၊ ဧပြီ ၅ ရက်

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီ ဝန်းကျင်က မန္တလေးမြို့ကို ဗဟိုပြုပြီး ပြင်းအား ၇ ဒသမ ၇ အဆင့် ငလျင် လှုပ်ခတ်မှုကြောင့် အိုးဘိုအကျဥ်းထောင်က အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ နိုင်ငံရေး အကျဥ်းသူ ၆ ဦး ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ဒီနေ့ ဧပြီ ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ငလျင် လှုပ်ခတ်ချိန် အိုးဘိုထောင်က အမျိုးသမီးအဆောင်(၁)နဲ့ အဆောင်(၂) ပြိုကျခဲ့တာကြောင့် အကျဥ်းချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသူတွေဖြစ်တဲ့ မမိုးသူဇာခိုင်၊ ဒေါ်လဲ့လဲ့စိုး၊ ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊ မပပဝင်းနဲ့ မဖူးဝေဝေတို့ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငလျင်ကြောင့် အကျဥ်းထောင်ထဲက ထိခိုက်ဒဏ်ရာရသူ ၄၀ ဦးကျော်ရှိပြီး အဲဒီအထဲက ၉ ဦးဟာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတချို့ဟာ အကျဉ်းထောင်ထဲ ကုသဖို့ မဖြစ်နိုင်ဘဲ ပြင်ပဆေးရုံကို ပို့ဆောင်ဖို့ လိုအပ်ပေမဲ့ စစ်ကောင်စီဘက်က ကုသခွင့် မပြုတာတွေ ရှိနေတယ်လို့လည်း PPNM က မနေ့ ဧပြီ ၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်တဲ့ ငလျင်ဒဏ်ကြောင့် ဧပြီ ၄ ရက် ည ၈ နာရီအထိ DVB သတင်းဌာနက ကောက်ယူစုဆောင်းထားတဲ့စာရင်းအရ စုစုပေါင်း သေဆုံးသူ ၄,၁၅၉ ဦးနဲ့ ဒဏ်ရာရသူ ၆,၁၆၈ ဦး ရှိလာပြီလို့ DVB က ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။